မန်ချက်စတာယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့တနင်္ဂနွေနေ့က ဆောက်သမ်တန်အသင်းနဲ့ပွဲစဉ်မှာ နောက်ထပ် အံ့အားသင့်ဖွယ်ပြန်လာနိုင်ခဲ့ပြီး ပြိုင်ဘက်အသင်းတွေကို အံ့အားသင့်စေခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ ပထမပိုင်းမှာ ဂျန်ဘတ်ရာနတ်နဲ့ ဂျိမ်းစ်ဝါ့ဒ်ပရော့စ်တို့ရဲ့သွင်းဂိုးတွေကြောင့် အိမ်ရှင်ဆောက်သမ်တန်အသင်းရဲ့ ၂-၀ နဲ့ ဦးဆောင်ခြင်းကို ခံနေခဲ့ရတာဖြစ်ပါတယ်။ ဒါပေမယ့် မန်ချက်စတာယူနိုက်တက်အသင်းဟာ ဒုတိယပိုင်းမှာ တိုက်ပွဲဝင်စိတ်ဓာတ်နဲ့ ပြန်လာနိုင်ခဲ့ပြီး ဖာနန်ဒက်စ်နဲ့ ကာဗာနီတို့က အသီးသီး ဂိုးတွေ သွင်းယူပေးသွားခဲ့ကြတာဖြစ်ပါတယ်။

ပီအက်စ်ဂျီကြယ်ပွင့်ဟောင်း ကာဗာနီက ယူနိုက်တက်အတွက် တစ်ဖက် ၂ ဂိုးစီ ညီမျှစေမယ့်သွင်းဂိုးကို သွင်းယူလိုက်တဲ့အချိန်မှာ ဖာနန်ဒက်စ်ရဲ့ တုံ့ပြန်မှုကို ရုပ်သံဖိုင်ထဲမှာ မြင်တွေ့ခဲ့ရတဲ့ပရိသတ်တွေဟာ အံ့အားသင့်စွာနဲ့ ချီးကျူးခဲ့ကြတာဖြစ်ပါတယ်။
နီမန်ဂျာမာတစ်နဲ့ လင်ဒီလော့ဖ်တို့အပါအဝင် မန်ချက်စတာယူနိုက်တက် ကစားသမားတွေဟာ ကာဗာနီနဲ့အတူ အောင်ပွဲခံဖို့အတွက် ပြေးသွားခဲ့ကြတာကို မြင်တွေ့ခဲ့ရပြီး ဘရူနိုဖာနန်ဒက်စ်ကတော့ သရေရလဒ်နဲ့တင် မကျေနပ်နိုင်ဘူးဆိုတာ ပြသတဲ့အနေနဲ့ ကွင်းလယ်ကို ချက်ချင်းပြန်လာဖို့အတွက် အော်ဟစ်နေခဲ့တာဖြစ်ပါတယ်။
After Cavani scored the second goal, all of the players went to celebrate only Bruno Fernandes who doesn't celebrate with the team, He rather asked them to come back in to score the third goal.
— BF 18 (@FernandesThings) November 30, 2020
What a mentality this player has! 🧠 pic.twitter.com/CSsQT7lCoo
အချိန်အားဖြင့်လည်း ၇၃ မိနစ်သာရှိသေးတဲ့အတွက် ဖာနန်ဒက်စ်ဟာ နောက်ထပ်အနိုင်ဂိုးသွင်းယူလိုစိတ် ပြင်းပြနေခဲ့တာကြောင့် အောင်ပွဲခံရင်း အချိန်ကုန်သွားမှာကို မလိုလားတဲ့အတွက် အသင်းဖော်တွေကို သတိပေးအော်ဟစ်နေခဲ့တာဖြစ်ပါတယ်။
Just give this man the captaincy already
— ~David~ (@Dav1DMUFC) November 30, 2020
မန်ချက်စတာယူနိုက်တက်ပရိသတ်တွေဟာ ဘရူနိုဖာနန်ဒက်စ်ရဲ့ ခေါင်းဆောင်ပီသတဲ့ အပြုအမူတွေအတွက် ဝမ်းသာကျေနပ်ခဲ့ကြပြီး တွစ်တာလူမှုကွန်ရက်ပေါ်မှာ ချီးကျူးစကားတွေ ပြောကြားခဲ့ကြတာဖြစ်ပါတယ်။