ပထမဆုံးချန်ပီယံလိဂ်ဂိုးကို လှလှပပသွင်းယူသွားတဲ့ ဆဲလ်ဘတ်လူငယ်ကြယ်ပွင့်

ရက်ဘူးဆဲလ်ဘတ်အသင်းရဲ့ အသက် ၁၈ နှစ်အရွယ် ကစားသမား ကာရင်အဒီယီမီဟာ အင်္ဂါနေ့ညမှာ ၎င်းရဲ့ ပထမဆုံးချန်ပီယံလိဂ်သွင်းဂိုးကို သွင်းယူနိုင်ခဲ့ပြီး ပရိသတ်တွေကြားမှာ ပြောစရာဖြစ်ခဲ့ပါတယ်။

အဒီယီမီဟာ ၎င်းရဲ့အသင်းဘက်ခြမ်းကနေ စတင်ပြေးလွှားခဲ့တာဖြစ်ပြီး ဘောလုံးထိန်းသိမ်းရာမှာ လွဲချော်သွားတဲ့ လိုကိုမိုးတစ်မော်စကိုကစားသမား မူရီလိုဆဲကီရာဆီကနေ ဘောလုံးကို လုယူရင်း ပြိုင်ဘက်အသင်းဂိုးပေါက်ရှေ့ကို ထိပ်တန်းမြန်နှုန်းနဲ့ ဆွဲပြေးသွားခဲ့တာဖြစ်ပါတယ်။

၀ါရင့်နောက်ခံကစားသမား ကော်လူကာက အဒီယီမီဆီက ဘောလုံးကို ဖြတ်တောက်ဖို့ ကြိုးပမ်းခဲ့ပေမယ့် ဆယ်ကျော်သက်ကစားသမားဟာ အရှိန်လျှော့ပြီး ခြေယောင်ပြရင်းနဲ့ ဂိုးပေါက်ထဲကို ကန်သွင်းသွားခဲ့တာဖြစ်ပါတယ်။

အဒီယီမီရဲ့သွင်းဂိုးဟာ ကြောက်မက်ဖွယ် လျှပ်စီးလို မြန်နှုန်း၊ ရေခဲလို အေးစက်စက်နိုင်မှုနဲ့ အဆုံးသတ်ပိုင်းအားကောင်းမှုတို့ ပေါင်းစပ်ထားတဲ့သွင်းဂိုးဖြစ်ခဲ့ပြီး အဒီယီမီဟာ ဂိုးသွင်းအပြီးမှာလည်း ရှေ့ကျွမ်းပစ်ပြီး အောင်ပွဲခံပြခဲ့တာဖြစ်ပါတယ်။

မြူးနစ်မြို့မှာမွေးဖွားခဲ့တဲ့ အဒီယီမီဟာ ဂျာမနီယူ-၁၆နဲ့ ယူ-၁၇ အသင်းတို့အတွက်လည်း ဂိုးတွေသွင်းယူပေးထားခဲ့သူဖြစ်ပေမယ့် လိုကိုမိုးတစ်မော်စကိုနဲ့ပွဲစဉ်က သွင်းဂိုးကတော့ ၎င်းရဲ့ကစားသမားဘဝအတွက် အကြီးမားဆုံးအဆင့်သွင်းဂိုး ဖြစ်ခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် အဒီယီမီရဲ့ သွင်းဂိုးဟာ ဆဲလ်ဘတ်အသင်းအတွက် အရေးကြီးတဲ့သွင်းဂိုးဖြစ်ခဲ့ပြီး လိုကိုမိုးတစ်မော်စကိုဟာ ၂-၀ နဲ့ ရှုံးနိမ့်နေချိန်မှာ ပင်နယ်တီကနေ ချေပဂိုး ပြန်လည်သွင်းယူခဲ့ပြီးနောက် ၂-၁ နဲ့ ဖြစ်နေချိန်မှာ အဒီယီမီရဲ့သွင်းဂိုးက ၃-၁ နဲ့ အနိုင်သေချာစေခဲ့တာဖြစ်ပါတယ်။