လေးဂိုးသွင်းလည်း နေရာရချင်မှရမယ်လို့ ဂီရော့ဒ်ကို သတိပေးခဲ့တဲ့ လမ်းပတ်

ချယ်ဆီးဝါရင့်တိုက်စစ်မှူး ဂီရော့ဒ်ဟာ ဆီဗီလာအသင်းနဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ကြောက်မက်ဖွယ်ခြေစွမ်းကို ပြသခဲ့ပြီး ယခုရာသီပရီးမီးယားလိဂ်ပွဲစဉ်မှာ ပထမဆုံးပွဲထွက်ပါဝင်ကစားခွင့် ရရှိဖို့ မျှော်လင့်နေတာဖြစ်ပါတယ်။

နည်းပြလမ်းပတ်က လာမယ့်စနေနေ့မှာ ကစားရမယ့် လိဒ်စ်ယူနိုက်တက်နဲ့ပွဲစဉ်မှာ ချယ်ဆီးအသင်းအတွက် တစ်ဦးတည်း ၄ ဂိုးသွင်းယူပေးခဲ့တဲ့ တိုက်စစ်မှူး ဂီရော့ဒ် ပွဲထွက်ပါဝင်ကစားခွင့်ရမလားဆိုတာကို စောင့်ကြည့်ကြတာပေါ့လို့ ပြောကြားခဲ့ပါတယ်။ ဂီရော့ဒ်ဟာ ဗုဒ္ဓဟူးနေ့ညက ဆီဗီလာနဲ့ပွဲမှာ မယုံကြည်နိုင်ဖွယ်စွမ်းဆောင်ရည်ကို ပြသခဲ့ပြီး တစ်ဦးတည်း ၄ ဂိုးသွင်းယူခဲ့ပြီး ချယ်ဆီးအသင်း ၄-၀ နဲ့ အနိုင်ရရှိအောင် ကူညီပေးနိုင်ခဲ့တဲ့ကစားသမားဖြစ်ပါတယ်။

အသက် ၃၄ နှစ်အရွယ်တိုက်စစ်မှူးဟာ ဗုဒ္ဓဟူးနေ့ညမှာ စံချိန်မှတ်တမ်းကောင်းတွေကိုလည်း ရရှိခဲ့သူဖြစ်ပြီး ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဟက်ထရစ်သွင်းယူနိုင်တဲ့ အသက်အကြီးဆုံးကစားသမားဆိုတဲ့ စံချိန်လည်း တစ်ခုအပါအဝင်ဖြစ်ခဲ့တာဖြစ်ပါတယ်။ ပွဲအပြီးမှာ နည်းပြ လမ်းပတ်က ၀ါရင့်တိုက်စစ်မှူး ဂီရော့ဒ်ရဲ့ စွမ်းဆောင်ရည်နဲ့ပတ်သက်ပြီး BT Sport နဲ့ တွေ့ဆုံရာမှာ ချီးမွမ်းခန်းဖွင့်သွားခဲ့ပါတယ်။

“ဒီလိုအဆင့်မှာ အရည်အသွေးရှိတဲ့သွင်းဂိုး လေးဂိုးသွင်းယူနိုင်တာက အိုလီဗီလာဆီက တစ်ဦးချင်းရှုထောင့်ရယ်၊ ပထမပိုင်းက အသင်းရဲ့ရှုထောင့်ရယ်၊ အသင်းရဲ့ ခံစစ်ကနေ တိုက်စစ်အထိက အရမ်းကောင်းမွန်ခဲ့ပါတယ်”

“အိုလီဗီယာရဲ့ အံ့အားသင့်ဖွယ်တစ်ဦးချင်းစွမ်းဆောင်ရည်လည်း ဖြစ်ခဲ့ပါတယ်။ သူနဲ့ပတ်သက်ပြီး ကျွန်တော် စိတ်ကျေနပ်မိပြီး အသင်းကိုလည်း စိတ်ကျေနပ်မိပါတယ်။ ဒါမျိုးက ဖြစ်လာဖို့ ခက်ခဲပါတယ်။ ပထမပိုင်းမှာ ခက်ခဲခဲ့ပြီး ကျွန်တော်တို့ ဖြေရှင်းခဲ့ရတဲ့ အခိုက်အတံ့တွေရှိခဲ့ပါတယ်”

“အိုလီဗီယာက အားကိုးရပါတယ်။ ကျွန်တော်တို့အတွက်တင်မဟုတ်ဘဲ ပြင်သစ်အတွက်လည်း သူ့ရဲ့ နိုင်ငံတကာသွင်းဂိုးတွေက အားထားရပါတယ်။ သူက အရမ်းကောင်းမွန်တဲ့ ပြင်သစ်ကစားသမားတစ်ဦးချင်းစီနဲ့အတူတူ ခြေစွမ်းရှိသူပါ။ သူ့မှာ အရမ်းကောင်းမွန်တဲ့ ကိန်းဂဏန်းအချက်အလက်တွေရှိပါတယ်”

“ကျွန်တော်တို့ စောင့်ကြည့်ကြတာပေါ့။ အဲဒါက အလှည့်အပြောင်းလုပ်ဖို့ မလွယ်ပေမယ့် တစ်ပွဲတည်းမှာ လေးဂိုးသွင်းယူခဲ့တာပါ။ အဲဒါက သူ့ရဲ့စွမ်းဆောင်ရည်တင်မဟုတ်ပါဘူး။ ခင်ဗျား သူ့ကို ကစားစေပြီး သူ့ရဲ့ ကြံ့ခိုင်မှုနဲ့ မြန်နှုန်းကို အသုံးပြုတဲ့အခါမှာ ကျန်တဲ့အသင်းသားတွေအားလုံးမှာ စစ်မှန်တဲ့ဟန်ချက်ညီမှု ရှိနေပါတယ်”လို့ ပြောကြားခဲ့ပါတယ်။