ချန်ပီယံလိဂ်ရနိုင်ခြေအရှိဆုံး ပရီးမီးယားလိဂ်အသင်းကို ဟောကိန်းထုတ်ခဲ့တဲ့ စူပါကွန်ပျူတာ

စူပါကွန်ပျူတာကနေ ဟောကိန်းထုတ်လိုက်တဲ့ နောက်ဆုံးရလဒ်အရ မန်ချက်စတာစီးတီးအသင်းဟာ ၎င်းတို့ရဲ့အသင်းသမိုင်းမှာ ပထမဆုံးအကြိမ် ချန်ပီယံလိဂ်ဖလားကို ကိုင်မြှောက်နိုင်လိမ့်မယ်လို့ သိရပါတယ်။

အုပ်စုပွဲစဉ် ၅ ကို ကစားခဲ့ပြီးနောက် ၁၆ သင်းရှုံးထွက်အဆင့် တက်ရောက်နိုင်မယ့်အသင်းတွေက ဘယ်အသင်းတွေလဲဆိုတာ တော်တော်လေးရုပ်လုံးပေါ်နေပြီဖြစ်ပြီး လူအများက ဘယ်အသင်းချန်ပီယံဖြစ်မလဲဆိုတာကိုတောင် စတင်ခန့်မှန်းနေကြပြီဖြစ်ပါတယ်။

FiveThirtyEight က ပက်ဂွါဒီယိုလာရဲ့မန်ချက်စတာစီးတီးအသင်းကို ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ဖို့ အခွင့်အရေး ၅၅ ရာခိုင်နှုန်းနဲ့ ဗိုလ်လုပွဲတက်ရောက်နိုင်ပြီး ချန်ပီယံဖြစ်ဖို့ကို ၂၂ ရာခိုင်နှုန်း ပေးခဲ့တာဖြစ်ပါတယ်။

အဲဒါကြောင့် မန်ချက်စတာစီးတီးအသင်းဟာ လက်ရှိချန်ပီယံဖြစ်တဲ့ ဘိုင်ယန်မြူးနစ်အသင်းကို ကျော်လွန်ပြီး ရေပန်းစားနေပြီဖြစ်ပြီး ဘိုင်ယန်မြူးနစ်ကတော့ ချန်ပီယံဖြစ်ဖို့ ၁၈ ရာခိုင်နှုန်းသာ အခွင့်အရေးရှိနေတာဖြစ်ပါတယ်။ လီဗာပူးနဲ့ ချယ်ဆီးအသင်းတို့ကလည်း ၇ ရာခိုင်နှုန်း၊ ၆ ရာခိုင်နှုန်းသာ အသီးသီး ရရှိခဲ့ပြီး မန်ချက်စတာယူနိုက်တက်အသင်းကတော့ ၂ ရာခိုင်နှုန်းသာ ရှိတာဖြစ်ပါတယ်။