ဘာစီလိုနာပြတိုက်မှာ ပြသခဲ့တဲ့ မက်ဆီကိုယ်ပွားဖယောင်းရုပ်တုကို ဝေဖန်သူတွေများနေ

ဘာစီလိုနာဖယောင်းပြတိုက်မှာ ထုတ်ဖော်ပြသခဲ့တဲ့ လီယွန်နယ်မက်ဆီရဲ့ ကိုယ်ပွားပုံတူရုပ်တုဟာ အာဂျင်တီးနားကြယ်ပွင့်နဲ့ မတူတာကို မြင်တွေ့ခဲ့ရပါတယ်။

မက်ဆီရဲ့ မျက်နှာကို တကမ္ဘာလုံးမှာ ရှိတဲ့ ပရိသတ်တွေက အကုန်အလွတ်နေကြတာဖြစ်ပြီး ဘာစီလိုနာပရိသတ်မဟုတ်ဘူးဆိုရင်တောင် မက်ဆီရဲ့မျက်နှာနဲ့ တူလား၊ မတူလား သိပ်ကြာကြာစဉ်းစားစရာလိုမှာမဟုတ်ပါဘူး။ ဖယောင်းရုပ်တုရဲ့ ကိုယ်ဟန်အနေအထားကတော့ ပရိသတ်တွေအားလုံးနဲ့ ရင်းနှီးပြီးသားဖြစ်တဲ့ မိုးပေါ်ကို လက်ညှိုးညွှန်ပြီး အောင်ပွဲခံတဲ့ မက်ဆီရဲ့အောင်ပွဲခံဟန်ဖြစ်ပြီး မျက်နှာကတော့ မက်ဆီလိုမျိုးမဟုတ်ခဲ့တာဖြစ်ပါတယ်။

ပရိသတ်တွေဟာ ဖယောင်းရုပ်တုကို သေချာကြည့်ရှုခဲ့ကြပြီး ဘယ်ကစားသမားနဲ့ တကယ်တူနေတာလဲဆိုတော့ ဂျန်အော့ဘလက်ကနေ အာရွန်ရမ်ဆေး၊ အာရွန်ရမ်ဆေးကနေ ပီယာနစ်နဲ့ တူနေတာဖြစ်ပါတယ်။ ဘယ်သူကမှ ဖယောင်းရုပ်တုရဲ့ မျက်နှာဟာ မက်ဆီနဲ့ အရမ်းတူတယ်လို့ မပြောခဲ့ကြတာဖြစ်ပါတယ်။

ဘာစီလိုနာပြတိုက်ဟာ အသက် ၃၃ နှစ်ကစားသမားရဲ့ တိကျတဲ့မျက်နှာပုံစံအတိုင်း ထွက်လာအောင် ကိုယ်ဟန်လာပြပေးဖို့ ချိန်းဆိုမှု ပြုလုပ်ခဲ့လိမ့်မယ်လို့ ယူဆရပါတယ်။ ဒါပေမယ့် မက်ဆီက “ဟင့်အင်း။ ဟုတ်တယ်။ ကျွန်တော် နေမာရဲ့ ဖုန်းကို ကိုင်ရမှာမို့လို့ပါ”ဆိုပြီး အလိမ္မာလေးနဲ့ ရှောင်ထွက်သွားခဲ့လိမ့်မယ်လို့ ခန့်မှန်းရပါတယ်။

အဲဒါကြောင့် ပြတိုက်ဟာ စာရင်းပိုင်းထဲက စတိဗ်ဆိုတဲ့လူက မော်ဒယ်ထိုင်ခိုင်းပြီး ဖယောင်းရုပ်တုကို ပြုလုပ်ခဲ့ပါတော့တယ်။ ဆိုလိုချင်တာက ဘာလို့ မရရမှာလဲ။ ဘာစီလိုနာပြတိုက်လာတဲ့လူတွေက မက်ဆီက ဘယ်လိုပုံစံမျိုးဆိုတာတောင် သိမှာမို့လို့လားပေါ့။ ဒါပေမယ့် တကမ္ဘာလုံးက ပရိသတ်တွေကတော့ မက်ဆီ ဘယ်လိုပုံစံမျိုးလဲဆိုတာ ကောင်းကောင်းသိကြတဲ့အကြောင်း တွစ်တာမှာ မှတ်ချက်တွေ ရေးသားပြီး ပြသခဲ့ကြပါတယ်။

“မက်ဆီထက်စာရင် ရမ်ဆေးနဲ့တောင် ပိုသွားတူနေသေးတယ်”လို့ တွစ်တာအသုံးပြုသူတစ်ဦးက မှတ်ချက်ပေးခဲ့ပြီး အခြားတစ်ယောက်ကလည်း “ဒါက မက်ဆီနဲ့ ပီယာနစ်ကို ပေါင်းထားတဲ့ရုပ်လား”လို့ ရေးသားထားပါတယ်။