ရော်နယ်ဒိုလောက် စိတ်ပိုင်းဆိုင်ရာ မြင့်မားတဲ့ ကစားသမားမတွေ့ဖူးဘူးဆိုတဲ့ အယ်လီဂရီ

အီတလီလူမျိုးနည်းပြဟာ ပေါ်တူဂီလက်ရွေးစင်တိုက်စစ်မှူးရော်နယ်ဒိုရဲ့ စီးရီးအေပွဲဦးထွက်ရာသီမှာ နည်းပြခဲ့ဖူးသူဖြစ်ပြီး ဂျူဗင်တပ်နဲ့အေစီမီလန်တို့ကို နည်းပြခဲ့တဲ့အချိန်အတွင်း ကြယ်ပွင့်ကစားသမားအများအပြားနဲ့ အလုပ်လုပ်ခဲ့ဖူးသူဖြစ်ပါတယ်။

ခရစ်စတီယာနိုရော်နယ်ဒိုက ဘယ်သူနဲ့မှမတူတဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာရှိတယ်လို့ ဂျူဗင်တပ်နည်းပြဟောင်း အယ်လီဂရီရဲ့ ပြောကြားချက်အရ သိရပြီး ပေါ်တူဂီကြယ်ပွင့်ဟာ အလုပ်တွဲလုပ်ခဲ့ဖူးသမျှ ကစားသမားတွေအားလုံးထဲမှာ အကောင်းဆုံးလို့ ပြောကြားခဲ့တာဖြစ်ပါတယ်။ အယ်လီဂရီဟာ ဂျူဗင်တပ်နည်းပြအဖြစ် တာဝန်ယူခဲ့တဲ့ ၂၀၁၈-၂၀၁၉ ရာသီအတွင်း ရော်နယ်ဒိုကို နည်းပြပေးခဲ့ရတာဖြစ်ပြီး တိုတောင်းလှတဲ့အချိန်အတွင်းမှာ ကောင်းမွန်တဲ့ဆက်ဆံရေးရှိခဲ့ကြသူတွေဖြစ်ပါတယ်။

ရော်နယ်ဒိုဟာ ဂျူဗင်တပ်အသင်းကို နောက်ထပ်စီးရီးအေဖလား ရရှိအောင် သွင်းဂိုး ၂၁ ဂိုးနဲ့ ကူညီပေးခဲ့တဲ့ကစားသမားဖြစ်ပါတယ်။ အယ်လီဂရီဟာ အေစီမီလန်အသင်းကို ၂၀၁၀-၂၀၁၁ ရာသီ စီးရီးအေဖလားရရှိအောင် နည်းပြပေးခဲ့သူဖြစ်ပြီး ယင်းအချိန်အခါက စူပါစတားဆိုတဲ့ကစားသမားတွေနဲ့ အလုပ်အတူတူတွဲလုပ်ခဲ့ရတာဖြစ်ပါတယ်။

“ကျွန်တော့်မှာ စိတ်ပိုင်းဆိုင်ရာကြံ့ခိုင်တဲ့ တောင့်တင်းတဲ့ကစားသမားတွေ အများကြီးရှိခဲ့ပါတယ်။ ချီလီနီ၊ နက်စ်တာတို့လို နောက်ခံကစားသမားမျိုး၊ ဂတ်တူဆို၊ ဆီးဒေါ့ဖ်တို့လို ကွင်းလယ်ကစားသမားမျိုး၊ အီဘရာဟီမိုဗစ်နဲ့ ရော်နယ်ဒိုတို့လို တိုက်စစ်မှူးမျိုးတွေပေ့ါ”

“ရော်နယ်ဒိုက စိတ်ပိုင်းဆိုင်ရာမှာ အမြင့်မားဆုံးကစားသမားပါ။ ရော်နယ်ဒိုမှာက တခြားဘယ်သူနဲ့မှ မတူညီတဲ့ စိတ်ပိုင်းဆိုင်ရာမျိုးရှိတယ်။ သူ ဘလွန်းဒီအော် ၅ ကြိမ်၊ ချန်ပီယံလိဂ်ဖလား ၅ ကြိမ်၊ ပေါ်တူဂီအတွက် ယူရိုဖလားတွေ ကိုင်မြှောက်နိုင်ခဲ့ပြီး အဲဒါက အရမ်းခက်ခဲပါတယ်။ အဲဒါကပဲ ရော်နယ်ဒိုကို ကွဲပြားခြားနားမှုတွေ အမြဲတမ်းဖြစ်စေခဲ့တာပါ။ နှစ်တိုင်း သူ့မှာ ရည်မှန်းချက်ပန်းတိုင်အသစ်ရှိနေတယ်”လို့ ပြောကြားခဲ့ပါတယ်။