လူမှုကွန်ရက်မှာ ရယ်စရာဖြစ်နေတဲ့ ဖီဖာ ၂၀၂၁ ထဲက ဂရင်းဝုဒ်ရဲ့မျက်နှာ

ဂိမ်းစက်သစ်တွေအတွက် ဖီဖာ ၂၁ ဂိမ်း ထုတ်လုပ်ခဲ့ပေမယ့် မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူး မေဆင်ဂရင်းဝုဒ်ရဲ့ မျက်နှာကတော့ လားလားမှ မတူသေးတာဖြစ်ပါတယ်။

Play Station 5 နဲ့ Xbox Serie X အတွက် EA Sports ရဲ့ ဘေားလုံးဂိမ်းဖြစ်တဲ့ ဖီဖာ ၂၁ ကို သောကြာနေ့မှာ ပြသခဲ့ပေမယ့် အများကြီး တိုးတက်အောင် ပြုလုပ်ရမယ့်အရာတွေကို မြင်တွေ့ခဲ့ရတာဖြစ်ပါတယ်။ ကစားသမားပုံစံကို အသေးစိတ်ပိုမိုတိကျလာအောင် တိုးမြှင့်ခဲ့တာက ထိပ်တန်းဘောလုံးသမားတွေရဲ့ရုပ်အတိုင်း ပိုမိုလက်တွေ့ဆန်လာအောင်ဖြစ်ပေမယ့် ဂရင်းဝုဒ်ကတော့ အဲဒီအထဲမှာ မပါဝင်ခဲ့တာဖြစ်ပါတယ်။

အသက် ၁၉ နှစ်အရွယ်တိုက်စစ်မှူး ဂရင်းဝုဒ်ဟာ ကမ္ဘာ့ထိပ်တန်းအလားအလာအရှိဆုံးကစားသမားတွေထဲက တစ်ဦးအဖြစ် သတ်မှတ်ခြင်းခံထားရပေမယ့်လည်း တရားဝင်မျက်နှာပုံစံ စကင်ဖတ်ရခြင်းမရှိသေးသူဖြစ်ပါတယ်။ ဖီဖာ ၂၁ ရဲ့ နောက်ဆုံးဂိမ်းဟာ တစ်ခုခုတော့ တစ်ခုခုလို့ ပြောလို့ရပေမယ့် အင်္ဂလန်တိုက်စစ်မှူးကိုတော့ လုံးဝ ဖယ်ထားခဲ့ခြင်းတော့ မရှိခဲ့တာဖြစ်ပါတယ်။

လူအများစုက ယူနိုက်တက်ဟာ ကိုနာမီရဲ့ Pro Evolution Soccer ဂိမ်းနဲ့ လက်တွဲထားတာကြောင့်ဆိုတဲ့အချက်ကို ညွှန်ပြခဲ့ကြပေမယ့် ဘရန်ဒန်ဝီလီယံကတော့ ဖီဖာ ၂၁ အတွက် မျက်နှာစကင်အသစ်ဖတ်ခဲ့ရသလို ပြီးခဲ့တဲ့ဇန်နဝါရီလကမှ ပြောင်းရွှေ့လာခဲ့တဲ့ ဘရူနိုဖာနန်ဒက်စ်လည်း စကင်ဖတ်ခဲ့ရတာဖြစ်ပါတယ်။ ပရိသတ်တွေဟာ ဂရင်းဝုဒ်ရဲ့ ရုပ်ရည်သွင်ပြင်ကို အဆင့်မြှင့်တင်ခဲ့ခြင်းမရှိတာကို တုံ့ပြန်ခဲ့ကြပြီး ဆယ်ကျော်သက်တိုက်စစ်မှူးကို လူညစ်ပတ်ပုံစံဖြစ်အောင် လုပ်ထားတယ်လို့ ထင်မြင်ခဲ့ကြပါတယ်။