ဗင်နစ်ရှပ်ဂျူနီယာဟာ စနေနေ့ညနေက ဆီဗီလာအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲစဉ်မှာ ရီးရဲမက်ဒရစ်အသင်းအတွက် အဖွင့်ဂိုးရရှိမယ့်အခွင့်အရေးကို ဆိုးဆိုးရွားရွားလွဲချော်ခဲ့ပါတယ်။

ဘရာဇီးလ်တိုက်စစ်မှူးဟာ အနိုင်ဂိုးသွင်းရှင်ဖြစ်ခဲ့ရမှာဖြစ်ပေမယ့် ဆီဗီလာဂိုးသမား ရက်ဆင်းဘိုနူရဲ့ ကိုယ့်ဂိုးကိုယ်ပြန်သွင်းမိတဲ့သွင်းဂိုးနဲ့ပဲ ရီးရဲမက်ဒရစ်အသင်းက အဝေးကွင်းမှာ အနိုင် ၃ မှတ်ရရှိခဲ့တာဖြစ်ပါတယ်။
ဒုတိယပိုင်း ၅၅ မိနစ်မှာ မန်ဒီဖြတ်တင်ပေးပို့လိုက်တဲ့ဘောလုံးကို ဗင်နစ်ရှပ် ပိတ်သွင်းရာမှာ ထိချက်မမှန်ဘဲ ထွက်လာတဲ့ဘောလုံးကို ဆီဗီလာဂိုးသမား ဘိုနူက အမိအရမဖမ်းနိုင်ဘဲ ဂိုးထဲကို တန်းဝင်သွားခဲ့ပြီး ရီးရဲမက်ဒရစ်အတွက် တစ်လုံးတည်းသောအနိုင်ဂိုးကို လက်ဆောင်ပေးခဲ့တာဖြစ်ပါတယ်။
How did Vinicius Junior miss this chance just? 🤣
— ًEIIis. (@UtdEIIis) December 5, 2020
I genuinely have no clue how he made the golden boy top 10 rankings over Greenwood when he’s done nothing for Madrid in 3 years. pic.twitter.com/ywILlDlJVl
ဒါပေမယ့်လည်း ဗင်နစ်ရှပ်သာ ဘောလုံးကို ခြေထောက်နဲ့ မိမိရရကန်နိုင်ခဲ့မယ်ဆိုရင် ဘိုနူမဖမ်းနိုင်ခင်မှာပဲ ဂိုးထဲကို ဝင်သွားမှာဖြစ်ပြီး ၎င်းအနေနဲ့ ဆိုးဆိုးရွားရွားအမှားပြုလုပ်မိခဲ့ပေမယ့်လည်း လက်ညှိုးထိုးပြစ်တင်ခြင်းကို မခံခဲ့ရတာဖြစ်ပါတယ်။
အသက် ၂၀ အရွယ်တိုက်စစ်မှူး ဗင်နစ်ရှပ်ဂျူနီယာကတော့ ပထမပိုင်းစစချင်းမှာ အပိုင်အခွင့်အရေးကို ကန်သွင်းရာမှာ ဘောချော်ခဲ့တဲ့အတွက် ပရိသတ်တွေရဲ့ လှောင်ပြောင်ခြင်းကို ခံနေရတာဖြစ်ပြီး ချန်ပီယံလိဂ်ပွဲစဉ်အတွင်း ဘန်ဇီမာက ဖာလန်းမန်ဒီကို ဗင်နစ်ရှပ်ဆီ ဘောလုံးမပေးပို့ဖို့ ပြောခဲ့ကြောင်း ပေါ်ထွက်လာပြီးနောက် နောက်ထပ်တစ်ကြိမ် သတင်းခေါင်းစည်းမှာ နေရာယူခဲ့တာဖြစ်ပါတယ်။

ဗင်နစ်ရှပ်ဂျူနီယာဟာ ယခုရာသီမှာ ရီးရဲမက်ဒရစ်အသင်းအတွက် စုစုပေါင်း ၁၅ ပွဲ ပါဝင်ကစားပေးထားခဲ့ရာမှာ သွင်းဂိုး ၃ ဂိုးသာ သွင်းယူထားနိုင်သေးတဲ့ ကစားသမားဖြစ်ပါတယ်။