ခရစ်စမတ်ပွဲကြပ်ကာလမှာ လီဗာပူး၊ ယူနိုက်တက်နဲ့ချယ်ဆီးတို့ ဘယ်လောက်အခက်တွေ့နိုင်မလဲ

လီဗာပူးအသင်းနည်းပြ ယာဂင်ကလော့ပ်ကတော့ ပရီးမီးယားလိဂ်ပွဲချိန်ဇယားနဲ့ပတ်သက်ပြီး စိတ်ပျက်မိတယ်ဆိုတဲ့အကြောင်းကို ရှင်းရှင်းလင်းလင်းပြောကြားထားပါတယ်။

ယခုနှစ်ဟာ အထူးသဖြင့် ကစားသမားတွေအတွက် ခက်ခဲကြမ်းတမ်းခဲ့တာဖြစ်ပြီး နောက်ကျမှရာသီစတင်နိုင်ခဲ့တာကြောင့် ပွဲတွေ ဘယ်လောက်တောင် ကြပ်နေမလဲဆိုတာကို စဉ်းစားကြည့်လို့ ရပါတယ်။ လက်ရှိအချိန်မှာတော့ ခရစ်စမတ်ပွဲတော်ကာလကို နီးကပ်နေပြီဖြစ်ပြီး သာမန်ရာသီဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ အမြဲတမ်းအလုပ်များတဲ့ကာလဖြစ်ခဲ့တာဖြစ်ပါတယ်။

ဥရောပက အခြားထိပ်သီးလိဂ်အများစုနဲ့ မတူတဲ့အချက်က ပရီးမီးယားလိဂ်ဟာ လုံးဝ အားလပ်ချိန်မရှိဘဲ ပွဲတော်ကာလအတွင်းမှာ ပွဲစဉ်တွေ တင်းကြမ်းပြည့်နေတာဖြစ်ပါတယ်။ ယခုလကုန်ခါနီးလေ ပိုပြီး အလုပ်များလေဖြစ်လာမှာဖြစ်ပြီး လီဗာပူးအသင်းကတော့ ပေါ့ပါးတဲ့ခရစ်စမတ်ပွဲစဉ်အချိန်ဇယားရရှိထားတယ်လို့ ဆိုရမှာဖြစ်ပါတယ်။

တစ်ဖက်က အဲဗာတန်၊ မန်ချက်စတာယူနိုက်တက်၊ မန်ချက်စတာစီးတီးတို့ကလည်း ၂ ရက်အပြီးတိုင်းမှာ ပွဲစဉ် ၁ ပွဲ ယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး အလေးလံဆုံးခရစ်စမတ်ပွဲချိန်ဇယားထဲမှာ ရှိနေကြတာဖြစ်ပါတယ်။

ပွဲတော်ကာလအတွင်း တစ်သင်းချင်း ဘယ်လောက် နားရက်ရမလဲ

အဲဗာတန်- ၂ ရက်နားအပြီး ၁ ပွဲ
မန်ယူနိုက်တက်- ၂ ရက်နားအပြီး ၁ ပွဲ
မန်စီးတီး- ၂ ရက်နားအပြီး ၁ ပွဲ
အာဆင်နယ်- ၂.၃ ရက်နားအပြီး ၁ ပွဲ
စပါး-၂.၃ ရက်နားအပြီး ၁ ပွဲ
ချယ်ဆီး- ၂.၅ ရက်နားအပြီး ၁ ပွဲ
နယူးကာဆယ်- ၂.၇ ရက်နားအပြီး ၁ ပွဲ
အက်စ်တွန်ဗီလာ- ၃ ရက်နားအပြီး ၁ ပွဲ
ဘန်လေ- ၃ ရက်နားအပြီး ၁ ပွဲ
လက်စတာ- ၃ ရက်နားအပြီး ၁ ပွဲ
ဝက်စ်ဟမ်း- ၃ ရက်နားအပြီး ၁ ပွဲ
ဝုဗ်- ၃ ရက်နားအပြီး ၁ ပွဲ
ဘရိုက်တန်- ၃.၅ ရက်နားအပြီး ၁ ပွဲ
ပဲလေ့စ်- ၃.၅ ရက်နားအပြီး ၁ ပွဲ
လိဒ်စ်- ၃.၅ ရက်နားအပြီး ၁ ပွဲ
ရှက်ဖီး- ၃.၅ ရက်နားအပြီး ၁ ပွဲ
ဝက်စ်ဘရွန်း- ၃.၅ ရက်နားအပြီး ၁ ပွဲ
ဆောက်သမ်တန်- ၄ ရက်နားအပြီး ၁ ပွဲ
ဖူလ်ဟမ်- ၄.၅ ရက်နားအပြီး ၁ ပွဲ
လီဗာပူး- ၄.၅ ရက်နားအပြီး ၁ ပွဲ