တိုရီနိုနဲ့ပွဲမှာ ၁ စက္ကန့်တည်းနဲ့ ဂိုးသွင်းယူနိုင်ဖို့ ကြိုးစားခဲ့တဲ့ ရော်နယ်ဒို

ခရစ်စတီယာနိုရော်နယ်ဒိုဟာ စနေနေ့ညက တိုရီနိုနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲစဉ်မှာ ပွဲစစချင်း ကွင်းလယ်ကနေ ဂိုးကန်သွင်းဖို့ ကြိုးပမ်းခဲ့ပါတယ်။

ပေါ်တူဂီကြယ်ပွင့်တိုက်စစ်မှူး ရော်နယ်ဒို ပွဲထွက်ကစားသမားစာရင်းမှာ ပါဝင်လာတာက ဒါဘီဒယ်လာမိုးမှာ အနိုင်ရလဒ်ရရှိပြီး ဂျူဗင်တပ်အသင်း အမှတ်ပေးဇယားအဆင့် ၃ နေရာကို တက်ရောက်သွားနိုင်မယ်ဆိုတာကို သိရှိစေခဲ့ပါတယ်။ ဒါပေမယ့် ရော်နယ်ဒိုဟာ ဂိုးသွင်းချင်ဇောအားကြီးနေပြီး ပွဲအစဝီစီမှုတ်ချိန်မှာ ဒီဘာလာ ပေးလိုက်တဲ့ဘောလုံးကို ကွင်းလယ်ကနေ ဂိုးထဲအထိ လှမ်းကန်ခဲ့တာဖြစ်ပါတယ်။

အသက် ၃၅ နှစ်အရွယ်တိုက်စစ်မှူးဟာ ဘာကြောင့် ကွင်းလယ်ကနေ ဂိုးသွင်းနိုင်တဲ့အခွင့်အရေးရှိတယ်လို့ တွေးခဲ့တာလဲဆိုတာ တိုရီနိုဂိုးသမား ဆီရီဂူ ဂိုးစည်းရှေ့နည်းနည်းထွက်နေတာကို မြင်ရင်သိနိုင်ပါတယ်။ ဒါပေမယ့် ကန်သွင်းချက်ဟာ အားသိပ်မပါဘဲ ဂိုးကို ကျော်လွန်သွားခဲ့တာဖြစ်ပြီး ပရိသတ်တွေက ရော်နယ်ဒိုရဲ့ကွင်းလယ်ကနေ ဂိုးကန်သွင်းဖို့ ကြိုးပမ်းမှုကို တုံ့ပြန်ခဲ့ကြပြီး ကျောင်းမှာသုံးခဲ့တဲ့ နည်းစနစ်တွေလို့ မှတ်ချက်ချခဲ့ပါတယ်။

“အထက်တန်းကျောင်းတုန်းက နည်းဗျူစစ်စစ်ပဲ”လို့ တွစ်တာအသုံးပြုသူတစ်ဦးက မှတ်ချက်ပေးခဲ့ပြီး နောက်ထပ်တစ်ဦးကလည်း “ငါ ကျောင်းတက်တုန်းက ဒါမျိုး ခဏခဏလုပ်နေကျ”လို့ ရေးသားခဲ့ပါတယ်။