ယခုရာသီရဲ့အကောင်းဆုံးဂိုးဖြစ်လာနိုင်တဲ့ဂိုးကို သွင်းယူခဲ့တဲ့ ဆွန်ဟောင်မင်

တော့တင်ဟမ်ဟော့စပါးကြယ်ပွင့်တိုက်စစ်မှူး ဆွန်ဟောင်မင်ဟာ အာဆင်နယ်အသင်းနဲ့ပွဲစဉ်မှာ ပင်နယ်တီဧရိယာအပြင်ဘက်ကနေ အံ့အားသင့်ဖွယ်လှပတဲ့ဝေ့ဝိုက်ကန်သွင်းယူခဲ့ပါတယ်။

တောင်ကိုရီးယားကြယ်ပွင့်ဟာ ယခုရာသီမှာ ကောင်းမွန်တဲ့ပုံစံ ပြသနေသူဖြစ်ပြီး နောက်ထပ်တစ်ကြိမ် ဟယ်ရီကိန်းဆီကနေ ဂိုးဖန်တီးပေးပို့မှုကို ရရှိခဲ့တာဖြစ်ပါတယ်။ ဟယ်ရီကိန်းက ဆွန်ဟောင်မင်အတွက် ကွင်းလယ်ကနေ ဘယ်တောင်ပံကို ဘောလုံးပေးပို့ခဲ့ပြီး တောင်ကိုရီးယားတိုက်စစ်မှူးက ပြေးသွားပြီးနောက် အတွင်းကို ချိုးဝင်ပြီး လျှပ်တပြက်ကန်သွင်းယူခဲ့တာဖြစ်ပါတယ်။

ဆွန်ဟောင်မင်ရဲ့ ကန်သွင်းချက်ဟာ အာဆင်နယ်အသင်းဂိုးပေါက်ရဲ့ ဘယ်ဖက်ထောင့်ကို တန်းတန်းမတ်မတ် ဝင်သွားခဲ့တာဖြစ်ပြီး ဂိုးသမား ဘာ့ဒ်လီနိုလည်း ဘယ်လိုမှ မတတ်နိုင်ဘဲ ဂိုးပေးခဲ့ရတာဖြစ်ပါတယ်။ အာဆင်နယ်နဲ့ပွဲအတွက် တော့တင်ဟမ်ဟော့စပါးကွင်းထဲမှာ ရောက်ရှိနေကြတဲ့ ပရိသတ်အယောက် ၂၀၀၀ ဟာ ၉ လအကြာမှာ ပထမဆုံးအကြိမ် ဂိုးသွင်းယူမှုကို တိုက်ရိုက်မြင်တွေ့ခဲ့ရတာဖြစ်ပါတယ်။

ဆွန်ဟောင်မင်ဟာ ယခုရာသီ တော့တင်ဟမ်ဟော့စပါးအသင်းအတွက် ပရီးမီးယားလိဂ်ပွဲစဉ် ၁၁ ပွဲပါဝင်ကစားပေးခဲ့ရာမှာ သွင်းဂိုး ၁၀ ဂိုးအထိ ရှိလာခဲ့ပြီဖြစ်ပြီး ပရိသတ်တွေက ၎င်းဟာ နည်းပြမော်ရင်ဟိုလက်အောက်မှာ ကမ္ဘာ့အဆင့်တိုက်စစ်မှူးဖြစ်လာခဲ့ပြီလို့ ထင်မြင်နေကြတာဖြစ်ပါတယ်။ ပြီးတဲ့နောက်မှာ ဆွန်ဟောင်မင်ဟာ စပါးအသင်း ပထမပိုင်းအပြီး ၂-၀ နဲ့ ဦးဆောင်နိုင်စေမယ့် ဟယ်ရီကိန်းရဲ့ သွင်းဂိုးကိုလည်း ဖန်တီးပေးခဲ့တာဖြစ်ပါတယ်။