အားကစားသမားမပီသတဲ့သွင်းဂိုးကြောင့် အဝါကတ်ပြခံခဲ့ရတဲ့ စတုဂတ်ကစားသမား

စတုဂတ်တိုက်စစ်မှူး စီးလက်စ်ဝါမန်ဂီတူကာဟာ လေးစားမှုမရှိဆုံးသွင်းဂိုးတွေထဲက တစ်ဂိုးကို သွင်းယူခဲ့ပြီးနောက် အားကစားသမားမပီသတဲ့အပြုအမူအတွက် အဝါကတ်ပြား ပြသခံခဲ့ရပါတယ်။

အငြင်းပွားဖွယ်အခိုက်အတံ့ဟာ တနင်္ဂနွေနေ့ညနေက ၀ါဒါဘရီမင်နဲ့ စတုဂတ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ဘွန်ဒက်စ်လီဂါပွဲစဉ် နာကျင်အချိန်ပိုမှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ ၀ါဒါဘရီမင်ဂိုးသမား ပက်ဗ်လန်ကာနဲ့ နောက်ခံကစားသမား အိုမာတော့ပ်ရက်တို့ ပင်နယ်တီဧရိယာအပြင်ဘက်မှာ နားလည်မှုလွဲချော်သွားရာကနေ အသက် ၂၁ နှစ်အရွယ် စတုဂတ်တိုက်စစ်မှူးက ဂိုးပေါက်ထဲကို လွတ်လွတ်ကျွတ်ကျွတ် ဂိုးကန်သွင်းခွင့် ရရှိခဲ့တာဖြစ်ပါတယ်။

ဘာမှ လုပ်လို့မရနိုင်တော့တဲ့ ပက်ဗ်လန်ကာက ကောင်းကင်ကို မယုံကြည်နိုင်ဟန်နဲ့ မော့ကြည့်ခဲ့ပြီး ၀ါမန်ဂီတူကာက ဂိုးစည်းဆီကို အေးဆေးလမ်းလျှောက်သွားခဲ့ပြီး ဂိုးစည်းပေါ်ကနေ ဘောလုံးကို ဂိုးပိုက်ထဲကို အပြင်းကန်သွင်းလိုက်တာဖြစ်ပါတယ်။ ၀ါမန်ဂီတူကာရဲ့ အပြုအမူဟာ ၀ါဒါဘရီမင်ကစားသမားတွေကို ဒေါသထွက်စေခဲ့ပြီး ထိပ်တိုက်တွေ့ဆုံခဲ့တာကြောင့် ကွင်းလယ်ဒိုင်က ကြားဝင်ဖျန်ဖြေပေးခဲ့ရတာဖြစ်ပါတယ်။

၀ါမန်ဂီတူကာရဲ့ အားကစားသမားမပီသတဲ့ လုပ်ရပ်ကြောင့် ကွင်းလယ်ဒိုင်က အဝါကတ်ပြား ပြသသတိပေးခဲ့ပြီး ယခုအပတ်ယှဉ်ပြိုင်ကစားသွားတဲ့ပွဲစဉ်တွေထဲမှာ ထူးခြားတဲ့အခိုက်အတံ့တွေထဲက တစ်ခုဖြစ်ခဲ့တာဖြစ်ပါတယ်။