ဝုဗ်နဲ့ပွဲက လီဗာပူးခြေစွမ်းကိုကြည့်ပြီး ချန်ပီယံထပ်ဖြစ်ဦးမယ်လို့ ပြောခဲ့တဲ့ ပေါလ်စခိုး

လီဗာပူးအသင်းဟာ တနင်္ဂနွေနေ့ညက ဝုဗ်အသင်းကို ၄-၀ နဲ့ အနိုင်ရရှိခဲ့ပြီးနောက် ယူနိုက်တက်ဂန္တဝင် ပေါလ်စခိုးဆီက မမျှော်လင့်ထားတဲ့စကားသံကို ကြားခဲ့ပါတယ်။

မိုဟာမက်ဆာလာ၊ ဝစ်ဂျ်နယ်ဒန်၊ မာတစ်တို့က လီဗာပူးအသင်းကို ၃-၀ နဲ့ ဦးဆောင်နိုင်အောင် ဂိုးတွေ သွင်းယူပေးခဲ့ကြတာဖြစ်ပြီး စတုတ္ထမြောက်ဦးဆောင်ဂိုးကိုတော့ ဝုဗ်နောက်ခံကစားသမား နယ်ဆန်ဆီမီဒိုက ကိုယ့်ဂိုးကိုယ်ပြန်သွင်းမိခဲ့ပြီး ရရှိခဲ့တာဖြစ်ပါတယ်။

ဝုဗ်အသင်းနဲ့ပွဲစဉ်က စွမ်းဆောင်ရည်ဟာ လီဗာပူးအသင်းရဲ့ နောက်ထပ်အံ့အားသင့်ဖွယ်စွမ်းဆောင်ရည်ဖြစ်ခဲ့ပြီး ယခုရာသီ ပရီးမီးယားလိဂ်ချန်ပီယံဘွဲ့ကို ကာကွယ်ဖို့အတွက် စစ်မှန်တဲ့ပြိုင်ဘက်ဖြစ်နေပြီဖြစ်ကြောင်း ပြသခဲ့တာလည်း ဖြစ်ပါတယ်။

လီဗာပူးအသင်းဟာ ၁၁ ပွဲကစားပြီးနောက် လက်ရှိအချိန်မှာတော့ ပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့် ၂ နေရာမှာ ရပ်တည်နေပြီး အမှတ်ပေးဇယားထိပ်ဆုံးက တော့တင်ဟမ်ဟော့စပါးနဲ့ ဂိုးကွာခြားချက်သာရှိနေတာဖြစ်ပါတယ်။ လီဗာပူးအသင်းဟာ ယခုရာသီမှာ ၎င်းတို့ရဲ့ ပထမအသင်းပုံမှန်ပွဲထွက်ကစားသမားတွေ မပါဝင်ဘဲ ကစားခဲ့ရပေမယ့်လည်း ကလော့ပ်နဲ့ ကစားသမားတွေဆီကနေ အထင်ကြီးဖွယ်ရလဒ်တွေ ထွက်ပေါ်လာနေဆဲဖြစ်ပါတယ်။

လီဗာပူးတစ်သင်းလုံးဟာ အနိုင်ရရှိစေမယ့် စိတ်ပိုင်းဆိုင်ရာမျိုး ပိုင်ဆိုင်ထားတာကို မြင်တွေ့ခဲ့ရပြီး မန်ချက်စတာယူနိုက်တက်ဂန္တဝင်ပေါလ်စခိုးက ယခုရာသီမှာ လီဗာပူးအသင်းကပဲ ပရီးမီးယားလိဂ်ချန်ပီယံဘွဲ့ကို ထိန်းသိမ်းသွားလိမ့်မယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။

“ဘာကြောင့် ဝစ်ဂျ်နယ်ဒန်က ဒီလိုနေရာကို စွန့်ခွာချင်နေရတာလဲ။ ဒီအသင်းကစားတဲ့ပုံစံက တိုက်စစ်ကစားပုံဖြစ်ပြီး သူ အပတ်တိုင်း ဘောလုံးကစားနေရတာပါ”

“နွေရာသီကာလအတွင်း ဘာစီလိုနာနဲ့ စကားနည်းနည်းပြောဖြစ်ခဲ့တာတွေရှိတယ်ဆိုတာ ကျွန်တော် သိပါတယ်။ သူ ဘာစီလိုနာအသင်းနဲ့ သတင်းတွေထွက်ပေါ်နေခဲ့ပေမယ့် ဘယ်တော့မှ တကယ်ဖြစ်မလာခဲ့ဘူးလို့ ကျွန်တော်ထင်ပါတယ်”

“သူ သွားချင်ခဲ့လားဆိုတာကို ကျွန်တော်မသိပါဘူး။ ဒါပေမယ့် ခင်ဗျား ဒီလိုမျိုး ဘောလုံးအသင်းကို စွန့်ခွာချင်ရတာလဲ။ သူတို့တွေ နောက်ထပ်တစ်ကြိမ် လိဂ်ဖလားကို ရဦးမယ်လို့ ထင်ပြီး အခြေချဖို့ကောင်းတဲ့ စိတ်လှုပ်ရှားစရာအသင်းပါပဲ”လို့ ပြောကြားခဲ့ပါတယ်။