အနာဂတ်မရေရာတော့တဲ့အချိန်မှာ ဖာဂူဆန်နာမည်ထည့်ပြောခဲ့တဲ့ ဇီဒန်း

ရီးရဲမက်ဒရစ်နည်းပြဇီဒန်းက ၎င်းအနေနဲ့ ဘယ်တော့မှ ရီးရဲမက်ဒရစ်ရဲ့ ဆာအဲလက်စ်ဖာဂူဆန်ဖြစ်လာမှာမဟုတ်ဘူးလို့ မိုချန်ဂလတ်ဘတ်ကို ၂-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲပြီးသတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပြီးနောက် ဘာနေဗျူးက ၎င်းရဲ့အနာဂတ်ဟာ ပိုပြီးတော့ မရေမရာဖြစ်လာပြီလို့ သိရပါတယ်။

ရီးရဲမက်ဒရစ်အသင်ဟာ ဗုဒ္ဓဟူးနေ့ညမှာ အုပ်စု B ရဲ့ အရေးကြီးတဲ့ပွဲစဉ်ဖြစ်တဲ့ မိုချန်ဂလတ်ဘတ်အသင်းနဲ့ ယှဉ်ပြိုင်ခဲ့ရတာဖြစ်ပြီး လာလီဂါအသင်းအနေနဲ့ ချန်ပီယံလိဂ်ရှုံးထွက်အဆင့်ကို တက်ရောက်ချင်တယ်ဆိုရင် မဖြစ်မနေအနိုင်ရလဒ်ရရှိဖို့ လိုအပ်နေခဲ့တာဖြစ်ပါတယ်။ ကာရင်ဘန်ဇီးမားက ရီးရဲမက်ဒရစ်အသင်းအတွက် လုပ်ပြနေကျပုံစံအတိုင်းပဲ အရေးပါတဲ့ သွင်းဂိုး ၂ ဂိုးကို သွင်းယူပေးခဲ့ပြီး ဘွန်ဒက်စ်လီဂါအသင်းကို ၂-၀ နဲ့ အနိုင်ရရှိအောင် ကူညီပေးခဲ့ပါတယ်။

ရီးရဲမက်ဒရစ်ကို ချန်ပီယံလိဂ် ၁၆ သင်းရှုံးထွက်အဆင့်ကို တက်ရောက်နိုင်အောင် ကူညီပေးခဲ့ပေမယ့်လည်း ဇီဒန်းရဲ့ အနာဂတ်ဟာ ဆိုးရွားတဲ့ရာသီအစနဲ့ ရင်ဆိုင်ခဲ့ရပြီးနောက် သံသယဖြစ်စရာရှိနေဆဲဖြစ်တယ်လို့ သိရပါတယ်။ အဲဒီသံသယတွေဟာ ဇီဒန်းက ယူနိုက်တက်ဂန္တဝင်နည်းပြကြီးဆာအဲလက်စ်ဖာဂူဆန်အကြောင်းကို ကိုးကားပြီး ပြောခဲ့တဲ့အချိန်မှာ ပိုလို့တောင်မှ မြင့်တက်လာခဲ့တာဖြစ်ပါတယ်။

“ကျွန်တော်က ဘယ်တော့မှ မက်ဒရစ်ရဲ့ ဖာဂူဆန်ဖြစ်လာမှာမဟုတ်ပါဘူး။ အဲဒါကတော့ သေချာပါတယ်”

“ကျွန်တော် ဒီမှာ ဘယ်လောက်ကြာကြာဆက်နေရမလဲဆိုတာ မသိပါဘူး။ ကျွန်တော် အဲဒီအကြောင်းကို မတွေးပါဘူး”

MADRID, 09/12/2020.- El entrenador del Real Madrid Zinedine Zidane, durante el partido de Liga de Campeones que Real Madrid y Borussia Mönchengladbach juegan hoy miércoles en el estadio Alfredo Di Stefano, en Valdebebas, Madrid. EFE/JuanJo Martín

“ကျွန်တော် ဒီအသင်းနဲ့ရှိခွင့်ရတာ အရမ်းကံကောင်းပြီး ပိုပြီးတော့ ခက်ခဲတဲ့အချိန်တွေမှာ ပိုလို့တောင် ပျော်ရွှင်ချင်ပါတယ်။ ကျွန်တော် စပိန်မှာ နေထိုင်ခဲ့တယ်။ မက်ဒရစ်မှာ အချိန်တော်တော်ကြာပါပြီ။ ကျွန်တော် နောက်ထပ်နည်းနည်းပိုကြာကြာ ဆက်နေချင်ပါတယ်”

“မက်ဒရစ်က ဖိအားတွေကြားကနေ ကစားခဲ့ရတယ်။ ဖိအားတွေ မရှိရင် ကောင်းမှာပေါ့။ ဒီမှာ အဲဒါက မရှိပါဘူး။ ကျွန်တော်တို့ တချိန်လုံးတော့ ကောင်းကောင်းမကစားနိုင်ပါဘူး”လို့ ပြောကြားခဲ့ပါတယ်။