ဇီဒန်းနောက်ကွယ်မှာ ကြိတ်ပုန်းခုတ်နေကြပြီဖြစ်တဲ့ ပိုချက်တီနိုနဲ့ရီးရဲ

တော့တင်ဟမ်ဟော့စပါးနည်းပြဟောင်း ပိုချက်တီနိုဟာ မြောက်လန်ဒန်အသင်းနဲ့ လမ်းခွဲပြီးကတည်းက လက်ရှိအချိန်အထိ နည်းပြလောကနဲ့ ကာလရှည်ဝေးကွာနေသူဖြစ်ပါတယ်။

ပိုချက်တီနိုဟာ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် နိုဝင်ဘာမှာ ရှက်ဖီးယူနိုက်တက်နဲ့ သရေကျခဲ့တဲ့ပွဲစဉ်အပြီးမှာ တော့တင်ဟမ်ဟေ့စပါးနည်းပြရာထူးကနေ ထုတ်ပယ်ခြင်းခံခဲ့ရသူဖြစ်ပါတယ်။ အဲဒီကတည်းက ပိုချက်တီနိုဟာ ထိပ်တန်းအသင်းတွေနဲ့ သတင်းတွေထွက်ပေါ်ခဲ့ပေမယ့်လည်း လက်ရှိအချိန်အထိတော့ ထိပ်တန်းအဆင့်ဘောလုံးပြိုင်ပွဲတွေဆီ ပြန်လာခြင်းမရှိသေးတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း လက်ရှိအချိန်မှာ ပိုချက်တီနို ရီးရဲမက်ဒရစ်အသင်းကို ကိုင်တွယ်ဖို့ သတင်းတွေထွက်ပေါ်လာတာကိုတော့ ရပ်တန့်လို့ရနိုင်မှာမဟုတ်ဘူးလို့ သိရပါတယ်။ Sport Witness က စပိန်ဂျာနယ်လစ် လူဂျီဂွယ်ပါရဲ့ ပြောကြားချက်ကို သယ်ဆောင်လာခဲ့တာဖြစ်ပြီး အာဂျင်တီးနားလူမျိုးနည်းပြဟာ ရီးရဲမက်ဒရစ်အသင်းကို ကစားသမား ၂ ဦး ခေါ်ယူပေးဖို့ တောင်းဆိုထားပြီးဖြစ်တယ်လို့ သိရပါတယ်။

“ပိုချက်တီနိုက ရီးရဲမက်ဒရစ်အသင်းအတွက် ကိန်းနဲ့ ဒယ်လီအလီတို့ နာမည်ပေးခဲ့ပြီး တတိယမြောက်ကတော့ သူ့နာမည်ပါ”လို့ ဂွယ်ပါက Calciomercato ကို ပြောကြားခဲ့တာဖြစ်ပါတယ်။