အာရုံနောက်မခံနိုင်တော့လို့ ပေါ့ဂ်ဘာကို အောက်စျေးနဲ့ထုတ်ရောင်းမယ့် ယူနိုက်တက်

မန်ချက်စတာယူနိုက်တက်ထိပ်ပိုင်းတာဝန်ရှိသူတွေဟာ လက်ရှိအချိန်မှာတော့ အသင်းကနေ ထွက်ခွာချင်နေတဲ့ ကွင်းလယ်ကြယ်ပွင့် ပေါ့ဂ်ဘာကို လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ ရောင်းထုတ်ဖို့ ပြင်ဆင်နေပြီး မယုံကြည်နိုင်ဖွယ် နည်းပါးတဲ့စျေးနှုန်းနဲ့ ထွက်ခွာခွင့်ပြုသွားမယ်လို့ သိရပါတယ်။

ပြင်သစ်လက်ရွေးစင်ကွင်းလယ်ကစားသမားရဲ့ အိုးထရက်ဖို့ဒ်က အနာဂတ်ဟာ ၎င်းရဲ့အေးဂျင့် မိုင်နိုရွိုင်အိုလာက ပေါ့ဂ်ဘာရဲ့ အိုးထရက်ဖို့ဒ်က အချိန်တွေက ကုန်ဆုံးသွားခဲ့ပြီဖြစ်ပြီး ယူနိုက်တက်မှာလည်း မပျော်ရွှင်တော့ကြောင်း ပြောကြားပြီးနောက် ယခုအပတ်မှာ မရေမရာဖြစ်လာခဲ့တာဖြစ်ပါတယ်။

ရွိုင်အိုလာဟာ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက မရေမတွက်နိုင်တဲ့ အငြင်းပွားမှုတွေရှိခဲ့သူဖြစ်ပြီး ဆာအဲလက်စ်ဖာဂူဆန်ကိုယ်တိုင်က ပေါ့ဂ်ဘာမှာ အကျင့်မကောင်းတဲ့ အေးဂျင့်ရှိတယ်လို့ ပြောကြားခဲ့ဖူးတာဖြစ်ပါတယ်။

The Sun ရဲ့ ဖော်ပြချက်အရ မန်ချက်စတာယူနိုက်တက်ထိပ်ပိုင်းတာဝန်ရှိသူတွေဟာ အားလုံးကောင်းဖို့အတွက် ပေါ့ဂ်ဘာနဲ့ သံယောဇဉ်ဖြတ်ဖို့ အဆင်သင့်ဖြစ်နေပြီး လွန်ခဲ့တဲ့ ၄ နှစ်က ပေါင် ၈၉ သန်းနဲ့ စံချိန်တင်ခေါ်ယူခဲ့တဲ့ ပြင်သစ်ကြယ်ပွင့်အတွက် ကြီးမားတဲ့ပြောင်းရွှေ့ကြေးပမာဏမဟုတ်ဘဲ သေးငယ်တဲ့ပမာဏဆိုရင်လည်း လက်ခံသွားမယ်လို့ သိရပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ ပေါ့ဂ်ဘာအတွက် အနည်းဆုံးပြောင်းရွှေ့ကြေး ဂဏန်း ၉ လုံးအထိ မျှော်လင့်ခဲ့ပေမယ့်လည်း လက်ရှိအချိန်မှာတော့ ပေါင်သန်း ၅၀ လောက်နဲ့ဆို ရောင်းဖို့ သဘောတူညီသွားဖို့ ဆန္ဒရှိနေတယ်လို့ သိရပြီး အထူးသဖြင့် ပေါ့ဂ်ဘာရဲ့ ပြဿနာရှာတတ်တဲ့အေးဂျင့်ကြောင့် ဖြစ်ချင်တာဖြစ် ရောင်းထုတ်သွားတော့မှာဖြစ်ပါတယ်။

အခုအချိန်မှာ ပေါ့ဂ်ဘာကို ခေါ်ယူချင်တဲ့အသင်းမရှိတဲ့ တစ်ခုတည်းသောပြဿနာက ဥရောပရဲ့အကြီးမားဆုံးအသင်းတွေတောင် ကိုရိုနာဗိုင်းရပ်စ်ကမ္ဘာ့ကပ်ကြောင့် ဘဏ္ဍာရေးကုန်ကျစရိတ်တွေကို ဆက်လက်တောင့်ခံဖို့ တင်းကြပ်တဲ့ဘတ်ဂျက်အစီအစဉ်တွေရှိနေသေးတာကြောင့် ဖြစ်ပါတယ်။