ပြင်သစ်နဲ့ယူနိုက်တက်မှာ ကစားရပုံကို နှိုင်းယှဉ်ပြီး စိတ်ပျက်နေတဲ့ ပေါ့ဂ်ဘာ

မန်ချက်စတာယူနိုက်တက်ကွင်းလယ်ကြယ်ပွင့် ပေါ့ဂ်ဘာက အသင်းမှာ နေရာပျောက်ဆုံးခဲ့ပြီးနောက် ယခုရာသီဟာ ၎င်းရဲ့ကစားသမားဘဝမှာ အခက်ခဲဆုံးရာသီဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

ပြင်သစ်လက်ရွေးစင်ကွင်းလယ်ကစားသမားဟာ ယခုရာသီမှာ ပွဲချိန်မိနစ် ၉၀ အပြည့် ၂ ပွဲသာ ကစားရသေးပြီး နည်းပြဆိုးလ်ရှားရဲ့ စည်းကမ်းပိုမိုလိုက်နာစေလိုတဲ့ဆန္ဒနဲ့ ကွင်းလယ်ခံစစ်အတွဲ မက်တော်မီနေး၊ ဖရက်ဒ်တို့အတွဲကြောင့် အရန်ခုံမှာ ထိုင်နေခဲ့ရတာဖြစ်ပါတယ်။

ပေါ့ဂ်ဘာဟာ လာမယ့် ၁၈ လမှာ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်တာကြောင့် အနာဂတ်ကလည်း မရေမရာဖြစ်နေပြီး ၎င်းရဲ့စာချုပ်ပါ တစ်နှစ်သက်တမ်းတိုးခွင့်ကို မတိုင်ပင်ဘဲ တိုးမြှင့်ခဲ့တဲ့အတွက် စိတ်ပျက်ခဲ့တာဖြစ်ပါတယ်။

အသက် ၂၇ နှစ်အရွယ်ကစားသမားဟာ ပြီးခဲ့တဲ့ရက်သတ္တပတ်ကို ပြင်သစ်လက်ရွေးစင်အသင်းနဲ့ ကုန်ဆုံးခဲ့တာဖြစ်ပြီး စနေနေ့ညက ပေါ်တူဂီကို အနိုင်ရရှိအောင် ကူညီပေးနိုင်ခဲ့တာကြောင့် ယူနိုက်တက်က ခက်ခဲတဲ့ကာလတွေကို ရင်ဆိုင်ခဲ့ရပြီးနောက် ကောင်းမွန်တဲ့အပြောင်းအလဲတစ်ခု ဖြစ်ခဲ့တာဖြစ်ပါတယ်။

“ကျွန်တော့် ကစားသမားဘဝမှာ ဒီလိုခက်ခဲတဲ့ကာလမျိုး ကစားသမားဘဝမှာ ဘယ်တုန်းကမှ မသိခဲ့ပါဘူး။ ပြင်သစ်အသင်းက လတ်ဆတ်တဲ့လေထုကို ရှုရှိုက်ရမှု၊ အစုအဖွဲ့က ထူးခြားပြီး မှော်ဆန်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။