မျက်ရည်စက်လက်နဲ့ ထမ်းစင်စီးပြီး ကွင်းထဲကထွက်သွားခဲ့ရတဲ့ နေမာ

ပီအက်စ်ဂျီကြယ်ပွင့်တိုက်စစ်မှူး နေမာဟာ တနင်္ဂနွေနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ လိုင်ယွန်အသင်းကို အိမ်ကွင်းမှာ ၁-၀ နဲ့ ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်အတွင်း ပွဲပြီးခါနီး နာကျင်အချိန်ပိုမှာ လိုင်ယွန်ကွင်းလယ်ကစားသမား မန်ဒက်စ်ရဲ့ ကြမ်းတမ်းတဲ့ ဖြတ်ထုတ်မှုကြောင့် ဒဏ်ရာရရှိသွားခဲ့ပါတယ်။

ပီအက်စ်ဂျီအသင်းဟာ ခြေစွမ်းပိုင်းအရ ဧည့်သည်လိုင်ယွန်အသင်းအပေါ် အသာစီးမရယူနိုင်ခဲ့တဲ့အပြင် ပွဲချိန် ၃၅ မိနစ်မှာ ပီအက်စ်ဂျီနောက်ခံကစားသမားကင်ပန်ဘီ လူမှားပြီးဘောလုံးပေးပို့ခဲ့တာကြောင့် လိုင်ယွန်အသင်းက တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းယူသွားနိုင်ခဲ့တာဖြစ်ပါတယ်။ ပီအက်စ်ဂျီအသင်းဟာ ရှုံးပွဲကြောင့် ယခုရာသီ လီဂူးဝမ်းပွဲစဉ် ၄ ပွဲအထိ ရှုံးနိမ့်ထားခဲ့ပြီဖြစ်ပြီး ၂၀၀၇ ခုနှစ်နောက်ပိုင်း အိမ်ကွင်းမှာ လိုင်ယွန်အသင်းကို ပထမဆုံး အကြိမ် ရှုံးနိမ့်ခဲ့ရတာလည်းဖြစ်ပါတယ်။

ပွဲပြီးခါနီးနာကျင်အချိန်ပိုမှာ နေမာအပေါ် ဥပဒေပ ဖျက်ထုတ်မှုပြုလုပ်ခဲ့တဲ့ လိုင်ယွန်ကွင်းလယ်လူ မန်ဒီဟာ အစပိုင်းမှာ အဝါကတ်သာ ပြသခံခဲ့ရပေမယ့် VAR ကြည့်ပြီးနောက်မှာတော့ အနီကတ်အဖြစ် ပြောင်းလဲပြသခံခဲ့ရတာဖြစ်ပြီး နေမာဟာ ဖျက်ထုတ်မှုကြောင့် ဘယ်ဘက်ခြေကျင်းဝတ်မှာ ဒဏ်ရာပြင်းထန်စွာရရှိခဲ့တာလည်းဖြစ်ပါတယ်။

ပီအက်စ်ဂျီအသင်းအနေနဲ့တော့ လက်ရှိမှာ နေမာရဲ့ ဒဏ်ရာအခြေအနေနဲ့ပတ်သက်ပြီး ဘယ်လောက်ကြာကြာ အနားယူရမလည်းဆိုတာကို တရားဝင်ထုတ်ဖော်ကြေညာခြင်းမရှိသေးဘဲ ဒဏ်ရာကို အသေးစိတ်စစ်ဆေးပြီးမှသာ ဘယ်လောက်ကြာကြာ အနားယူရမလည်းဆိုတာ ထုတ်ပြန်ကြေငြာသွားဖွယ်ရှိနေတာဖြစ်ပါတယ်။