နေမာအတိုင်း မြေကြီးပေါ်လူးလှိမ့်ပြပြီး လှောင်ပြောင်ခဲ့တဲ့ လိုင်ယွန်ဂိုးသမား

လိုင်ယွန်ဂိုးသမား အန်သိုနီလိုပက်စ်ဟာ ပီအက်စ်ဂျီအသင်းကို အနိုင်ရရှိခဲ့တဲ့ပွဲစဉ်အတွင်း နေမာကို လှောင်ပြောင်ဖို့အတွက် မယုံကြည်နိုင်ဖွယ်အခိုက်အတံ့ကို ပြုလုပ်ခဲ့ပါတယ်။

Paris Saint-Germain’s Brazilian forward Neymar (2ndR) fights for the ball in front of Lyon’s Portuguese goalkeeper Anthony Lopes (L) during the French L1 football match between Paris Saint-Germain (PSG) and Lyon (OL), on December 13, 2020 at the Parc des Princes stadium in Paris. (Photo by FRANCK FIFE / AFP)

အန်သိုနီလိုပက်စ်ဟာ နေမာရဲ့ သရုပ်ဆောင်ပုံအတိုင်း ၇၂ မိနစ်မှာ လိုင်ယွန်အသင်းက ၁-၀ နဲ့ အနိုင်ရရှိနေချိန်မှာ အကောင်းဆုံးသရုပ်ဆောင်ပြခဲ့တာဖြစ်ပြီး နေမာရဲ့တွန်းထိုးမှုကြောင့် ၎င်းရဲ့အသင်းဖော်နဲ့ တိုက်မိခဲ့ပြီးနောက် မြေကြီးပေါ်မှာ ရုပ်ရှင်ဆန်ဆန် လူးလှိမ့်ပြခဲ့တာဖြစ်ပါတယ်။

လိုပက်စ်ဟာ နာချင်ဟန်ဆောင်ပြီး လှိမ့်ရင်းလှိမ့်ရင်း ဂိုးတိုင်အနောက်ဘက်က ကြော်ငြာဆိုင်းဘုတ်တွေဆီ ရောက်ရှိသွားခဲ့ပြီး ပွဲကစားချိန်ကို ပညာသားပါပါနဲ့ ဖြုန်းတီးခဲ့တာလည်း ဖြစ်ပါတယ်။ လိုင်ယွန်ဂိုးသမား လိုပက်စ်ရဲ့ နေမာနဲ့ပတ်သက်ပြီး ပြုလုပ်ခဲ့တဲ့ ရယ်မောဖွယ်အပြုအမူကို တွစ်တာပေါ်မှာ ပရိသတ်တွေက မှတ်ချက်အသီးသီးပေးခဲ့ကြပါတယ်။

“ဂိုးသမားက နေမာကို လိုက်အတုခိုးခဲ့တာပဲ”လို့ ပရိသတ်တစ်ဦးက မှတ်ချက်ပေးခဲ့ပြီး အခြားတွစ်တာအသုံးပြုတစ်ဦးကလည်း “ဒီပွဲစဉ်မှာ ဘယ်သူက ဆရာကြီးလဲဆိုတာ နေမာကို သူ ပြနေတာ။ ဒါပေမယ့် နေမာဆိုရင်တော့ ဒီထက်ပိုပြီး လူးလှိမ့်လိမ့်မယ်လို့ ငါ ထင်တယ်”လို့ ရေးသားခဲ့ပါတယ်။