တပည့်ကျော်အာတီတာဘက်ကနေ ထောက်ခံအားပေးလိုက်တဲ့ ဂွါဒီယိုလာ

အာဆင်နယ်အသင်းဟာ ယခုရာသီ ပရီးမီးယားလိဂ်မှာ စိတ်ပျက်ဖွယ် ရာသီအစနဲ့ကြုံနေရပေမယ့်လည်း မန်စီးတီးလက်ထောက်နည်းပြဟောင်းအာတီတာဟာ အာဆင်နယ်ကို ဦးဆောင်ဖို့အတွက် သင့်တော်တဲ့ နည်းပြဖြစ်တယ်လို့ ပက်ဂွါဒီယိုလာက ပြောကြားခဲ့ပါတယ်။

အာဆင်နယ်ဟာ တနင်္ဂနွေနေ့က အိမ်ကွင်းအမ်းမရိတ်စ်မှာ ဘန်လေကို ၁-၀ နဲ့ ရှုံးခဲ့ပြီးနောက် ၁၉၅၉ နောက်ပိုင်း အိမ်ကွင်း ပရီးမီးယားလိဂ် ၄ ပွဲဆက်တိုက် ရှုံးနိမ့်ခဲ့တာဖြစ်ပြီး တန်းဆင်းဇုန်နဲ့ ၅ မှတ်သာ ကွာဟတော့တဲ့ အဆင့် ၁၅ နေရာမှာ ရပ်တည်နေရတာဖြစ်ပါတယ်။

အသင်းရဲ့ကစားသမားတွေဆီက အကောင်းဆုံး အရည်အသွေးကို မထုတ်ဖော်နိုင်ခဲ့တဲ့ အာတီတာအနေနဲ့ ဖိအားတွေရှိနေတာဖြစ်ပြီး ယခုရာသီမှာ အာဆင်နယ်ရဲ့ ဂိုးပေါက်ကန်သွင်းမှု၊ ဂိုးပေါက်တည့်မှု အကြိမ်အရေအတွက်ထက် ပိုနည်းတဲ့အသင်းဆိုလို့ နယူးကာဆယ်၊ ဘန်လေ၊ ရှက်ဖီးနဲ့ ဝက်စ်ဘရွန်းအသင်းတို့သာ ရှိတော့တာဖြစ်ပါတယ်။

“အာဆင်နယ်ကို လာမယ့်နှစ်တွေမှာ ဦးဆောင်ဖို့ သူ့ထက် ပိုကောင်းတဲ့ နည်းပြမရှိပါဘူး။ ကျွန်တော်က ထောက်ခံချက်ပေးဖို့မလိုလောက်အောက် သူ့မှာ အရည်အချင်းရှိပါတယ်။ သူက ကျွန်တော် တွဲလုပ်ခဲ့ဖူးတဲ့ အကောင်းဆုံးနည်းပြတစ်ယောက်ပါ။ ကလပ်ကို သူမချစ်ဘူးဆိုရင် စီးတီးမှာပဲ ဆက်နေခဲ့မှာပေါ့။ အာဆင်နယ်က အခြေအနေတွေကို သူပြောင်းလဲပြီး လူတိုင်းမျှော်လင့်သလို လုပ်ပြနိုင်လိမ့်မယ်ဆိုတာ သေချာပါတယ်။ တခါတလေ ကလပ်တစ်ခုက မကောင်းတဲ့ အခြေအနေကနေရုန်းထွက်ဖို့ အချိန်ယူရပါတယ်။ ကျွန်တော်သာ အာဆင်နယ်ဘုတ်အဖွဲ့ထဲပါရင် ကလပ်နဲ့ထိုက်တန်တဲ့ နေရာရအောင် လုပ်ပေးနိုင်တဲ့ သူ့ရဲ့ အရည်အသွေးနဲ့လုပ်နိုင်စွမ်းအပေါ် သံသယရှိမှာမဟုတ်ဘူး”လို့ ပြောကြားခဲ့ပါတယ်။