၂၀၂၀ ခုနှစ်ရဲ့Golden Player ဆုကို ရရှိခဲ့တဲ့ လီဝန်ဒေါစကီး

ဘိုင်ယန်မြူးနစ်ကြယ်ပွင့်တိုက်စစ်မှူး လီဝန်ဒေါစကီးဟာ Toto Sport က ၂၀၀၃ ခုနှစ်ကတည်းက ပေးအပ်နေတဲ့ Golden Player ဆုကို ရရှိခဲ့ပါတယ်။

ပိုလန်တိုက်စစ်မှူးဟာ ဘိုင်ယန်မြူးနစ်အသင်းကို ဘွန်ဒက်စ်လီဂါဖလား၊ ချန်ပီယံလိဂ်ဖလားနဲ့ ဒီအက်ဖ်ဘီပိုကယ်ဖလားတို့ကို တစ်ရာသီအတွင်း ဆွတ်ခူးနိုင်အောင် အဓိကကျတဲ့အခန်းကဏ္ဍကနေ ကူညီပေးခဲ့တဲ့ကစားသမားဖြစ်ပါတယ်။ လီဝန်ဒေါစကီးဟာ ၂၀၁၉-၂၀၂၀ ရာသီမှာ စုစုပေါင်းသွင်းဂိုး ၃၄ ဂိုးနဲ့ ဘွန်ဒက်စ်လီဂါရဲ့ ထိပ်တန်းဂိုးသွင်းရှင်ဖြစ်ခဲ့ပြီး ချန်ပီယံလိဂ်ပြိုင်ပွဲမှာလည်း ၁၅ ဂိုးအထိ သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းဟာ ယခုရာသီ ချန်ပီယံလိဂ် ၁၆ သင်းရှုံးထွက်အဆင့်မှာ လာဇီယိုအသင်းနဲ့ တွေ့ဆုံယှဉ်ပြိုင်သွားရမှာဖြစ်ပြီး ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး လီဝန်ဒေါစကီးက စီးရီးအေအသင်းနဲ့ တွေ့ဆုံယှဉ်ပြိုင်ရမယ့်ပွဲစဉ်ဟာ ခက်ခဲမှာဖြစ်ပေမယ့်လည်း ရင်ဆိုင်ဖို့ အဆင်သင့်ရှိနေတယ်လို့ ပြောကြားခဲ့ပါတယ်။

“အဲဒီပွဲက ခက်ခဲပါလိမ့်မယ်။ လာဇီယိုက ချန်ပီယံလိဂ်မှာ ကောင်းကောင်းကစားနိုင်ခဲ့ပါတယ်။ အီတလီလိဂ်မှာတော့ မဟုတ်ပါဘူး။ ကျွန်တော်တို့အနေနဲ့ သူတို့ကို ရင်ဆိုင်ဖို့အတွက် အဆင်သင့်ပါပဲ”

“ချန်ပီယံလိဂ်ဖလားကို ရရှိခဲ့တာက အံ့အားသင့်ဖွယ်ခံစားချက်ဖြစ်ခဲ့ပါတယ်။ အဲဒါက ပြင်းပြင်းထန်ထန်အလုပ်ကြိုးစားခဲ့ပြီးနောက် အိပ်မက်တွေ တကယ်ဖြစ်လာခဲ့တာပါ။ အဲဒါက ကျွန်တော့်ကို ပြင်းထန်တဲ့စိတ်ခံစားမှုပေးခဲ့ပေမယ့် ကျွန်တော်တို့ ဆုဖလားတွေ ဘယ်လောက်ရရှိခဲ့လဲဆိုတာက အရေးမကြီးပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ ဆုဖလားဘယ်လောက်အထိ ရရှိနိုင်သေးလဲဆိုတာက အရေးကြီးတာပါ”လို့ ပြောကြားခဲ့ပါတယ်။