ကြွေးတွေဝိုင်းနေချိန်မှာ မက်ဆီကို မဖြစ်မနေပေးရမယ့်ပမာဏကြောင့် ရူးချင်ချင်ဖြစ်နေတဲ့ ဘာကာ

ဘာစီလိုနာအသင်းဟာ လာမယ့်နွေရာသီမှာ လီယွန်နယ်မက်ဆီ အသင်းကို စွန့်ခွာဖို့ ရွေးချယ်သွားခဲ့ရင်တောင်မှ ကြီးမားတဲ့ သစ္စာရှိကြေးပမာဏ ပေါင်သန်း ၃၀ ကို ပေးချေသွားရမယ်လို့ သိရပါတယ်။

မက်ဆီဟာ ယခုနွေရာသီမှာ ၎င်းရဲ့နူးကမ့်က ကစားသမားဘဝကို အဆုံးသတ်ဖို့အတွက် ကြိုးပမ်းခဲ့ပေမယ့် စာချုပ်လျော်ကြေး ယူရိုသန်း ၇၀၀ ကြောင့် ပိတ်ပင်တားဆီးခံခဲ့ရတာဖြစ်ပါတယ်။

ဒါပေမယ့် မက်ဆီဟာ လာမယ့်နွေရာသီမှာ အသင်းကနေ အလွတ်နဲ့ ထွက်ခွာခွင့်ရရှိတော့မှာဖြစ်ပြီး ESPN က ဘာစီလိုနာအသင်းဟာ မက်ဆီအပေါ်မှာ အကြွေးကြီးကြီးမားမားတင်နေသေးတယ်လို့ ဖော်ပြခဲ့ပါတယ်။

အသက် ၃၃ နှစ်အရွယ်ကစားသမားရဲ့ ၂၀၁၇ ခုနှစ်မှာ ချုပ်ဆိုခဲ့တဲ့ နောက်ဆုံးစာချုပ်သစ်ပါအချက်အရ စာချုပ်လျော်ကြေး ယူရို ၆၆ သန်းရရှိလိမ့်မယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်။

ယင်း ယူရို ၆၆ သန်းထဲက တစ်ဝက်ကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက ရရှိခဲ့ပြီး ကျန်တဲ့တစ်ဝက်ကတော့ မက်ဆီရဲ့ လက်ရှိစာချုပ် သက်တမ်းကုန်ဆုံးမယ့်ဇွန်လမှာ ပေးချေသွားရမှာဖြစ်ပါတယ်။ ဒါကြောင့် မက်ဆီဟာ ဆယ်စုနှစ် ၂ ခုနီးပါး ဆက်ဆံရေးကို အဆုံးသတ်ဖို့ ရွေးချယ်ခဲ့တယ်ဆိုရင်တောင်မှ ကြီးမားတဲ့ငွေပမာဏကို ဘာစီလိုနာအသင်းဆီကရရှိဦးမယ်ဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။