ရော်နယ်ဒိုပင်နယ်တီလွဲတာထက် ပိုဆိုးခဲ့တဲ့ မိုရာတာရဲ့အလွဲ

ဗုဒ္ဓဟူးနေ့ညနေက အတ္တလန္တာနဲ့ ကစားခဲ့တဲ့ပွဲစဉ်မှာ ဂျူဗင်တပ်အသင်းအတွက် တိုက်စစ်မှူးမိုရာတာဟာ အပိုင်အခွင့်အရေးကို ဆိုးဆိုးရွားရွားလွဲချော်ပြီး စိတ်ပျက်စရာဖြစ်ခဲ့ပါတယ်။

ပထမပိုင်းမှာ တစ်ဖက် ၁ ဂိုးစီ သရေကျနေခဲ့တာဖြစ်ပြီး စပိန်လက်ရွေးစင်တိုက်စစ်မှူးဟာ ဂိုးဧရိယာထဲ ဆွဲပြေးလာခဲ့ပြီးနောက် အဖွင့်ဂိုး သွင်းယူဖို့အတွက် ခရစ်စတီယာနိုရော်နယ်ဒိုကို ဘောလုံးခင်းပေးခဲ့တာဖြစ်ပါတယ်။ ရော်နယ်ဒိုက ဝမ်းတူးရိုက်ဖို့ ကြိုးပမ်းတဲ့အနေနဲ့ မိုရာတာဆီ ပြန်ပေးခဲ့ပြီး အတ္တလန္တာဂိုးသမားကလည်း လဲကျနေရာကနေ ကုန်းရုန်းပြန်ထနေချိန်ဖြစ်တာကြောင့် လှည့်ကန်လိုက်ဖို့သာ ရှိတော့တာဖြစ်ပါတယ်။

ဒါပေမယ့် မိုရာတာက လွယ်နေတာကို ခက်အောင် လုပ်ခဲ့ပြီး ၂၀၁၁ ခုနှစ်က ခြေစမ်းပွဲမှာ မာရီယိုဘာလိုတယ်လီရဲ့ လူသိများတဲ့ ခြေဖနောင့်နဲ့ ကန်သွင်းတဲ့ပုံစံအတိုင်း လိုက်လုပ်ခဲ့တာဖြစ်ပါတယ်။ ၎င်းရဲ့ ၇ ကိုက်စည်းထဲက ကန်သွင်းမှုဟာ ဂိုးပေါက်နဲ့ လွဲချော်သွားခဲ့ပြီး ဂိုးစည်းကျော်သွားခဲ့တာကြောင့် ဂိုးလွန်ဘော ဖြစ်သွားခဲ့တာဖြစ်ပါတယ်။

မိုရာတာအတွက် ကံကောင်းသွားတာကတော့ ၎င်းရဲ့ အလွဲကို စည်းကြပ်ဒိုင်က လူကျွံအလံထောင်ခဲ့တာကြောင့် ဖာထေးနိုင်ခဲ့တာဖြစ်ပေမယ့် ဒီလောက်လွယ်ကူတဲ့အခွင့်အရေးကို လွဲချော်အောင် ဘယ်လိုတောင် လုပ်လိုက်တာလဲဆိုတာ အံ့အားသင့်ဖို့ ကောင်းနေဆဲဖြစ်ပါတယ်။