လီဝန်ဒေါစကီး ဆုရသွားတဲ့အချိန်မှာ မျက်နှာပျက်နေခဲ့တဲ့ ရော်နယ်ဒို

ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး လီဝန်ဒေါစကီးက ၂၀၂၀ ခုနှစ်အတွက် ဖီဖာရဲ့အကောင်းဆုံးအမျိုးသားကစားသမားဆုကို ရရှိသွားခဲ့ပြီးနောက်မှာ ရော်နယ်ဒိုရဲ့ မျက်နှာအမူအရာဟာ လူအများကြား ပျံ့နှံ့သွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ရာသီမှာ ဘိုင်ယန်မြူးနစ်အသင်းကို သမိုင်းဝင်ဆုဖလား ၃ လုံးရရှိအောင် ၅၅ ဂိုးအထိ သွင်းယူပေးခဲ့တဲ့ လီဝန်ဒေါစကီးက ရော်နယ်ဒိုရော မက်ဆီကိုပါ ကျော်ဖြတ်ပြီး ၎င်းရဲ့ကစားသမားဘဝတလျှောက်အလိုချင်ဆုံးဆုကို ပထမဆုံးအကြိမ် ဆုရရှိခဲ့တာဖြစ်ပါတယ်။ ဇူးရစ်မှာ ကျင်းပခဲ့တဲ့ ဆုပေးပွဲအခမ်းအနားမှာ လီဝန်ဒေါစကီးဟာ ဆုရရှိသူအဖြစ် ကြေညာခြင်းခံခဲ့ရပြီး အွန်လိုင်းဆုပေးပွဲဖြစ်ပေမယ့်လည်း ဖီဖာဥက္ကဌ အင်ဖန်တီနိုကိုယ်တိုင် မြူးနစ်အထိ သွားပြီး ဆုကို ပေးအပ်ခဲ့တာဖြစ်ပါတယ်။

ဆန်ခါတင်ကစားသမား ၃ ဦးစလုံးဟာ တီဗွီမျက်နှာပြင်ပေါ်မှာ တိုက်ရိုက်စကားပြောခဲ့ကြတာဖြစ်ပြီး ပရိသတ်တွေက လီဝန်ဒေါစကီး ဆုလက်ခံရယူခဲ့တဲ့အချိန်မှာ ရော်နယ်ဒိုက လက်ပိုက်ပြီး စိတ်ပျက်နေတဲ့ပုံပေါ်နေတာကို မြင်တွေ့ခဲ့ရတာဖြစ်ပါတယ်။ မက်ဆီကတော့ ဆုမရခဲ့ပေမယ့်လည်း ပျော်ရွှင်နေပုံပေါ်ခဲ့ပြီး ရော်နယ်ဒိုရဲ့ တုံ့ပြန်မှုကတော့ တစ်ဦးချင်းထိပ်တန်းဆုကို အနိုင်မရရှိခဲ့တဲ့အတွက် ဒေါသဖြစ်နေခဲ့ပုံပေါ်နေခဲ့တာဖြစ်ပါတယ်။

Dutch manager and former player Ruud Gullit (L) and British sports journalist Reshmin Chowdhury (R) looks on as FIFA President Gianni Infantino (C-L) appears on a screen awarding The Best FIFA Men’s player award to Bayern Munchen’s Polish forward Robert Lewandowski during The Best FIFA Football Awards 2020 ceremony, at the FIFA headquarters in Zurich, on December 17, 2020. (Photo by VALERIANO DI DOMENICO / POOL / AFP)

ရော်နယ်ဒို၊ လီဝန်ဒေါစကီးနဲ့ မက်ဆီတို့ ၃ ဦးစလုံးဟာ FIFPro World Xl အသင်းမှာ ပါဝင်ခဲ့ကြပေမယ့် ရော်နယ်ဒိုကတော့ ဂျူဗင်တပ်အသင်းနဲ့ နောက်ထပ်ကောင်းမွန်တဲ့ရာသီ ရရှိခဲ့ပြီးနောက် ပိုမိုအသိအမှတ်ပြုခံချင်ခဲ့တာ ရှင်းရှင်းလင်းလင်းမြင်တွေ့ခဲ့ရပါတယ်။ ဒါပေမယ့် တစ်ခုရှိတာက ရော်နယ်ဒိုဟာ ဖီဖာတစ်နှစ်တာအကောင်းဆုံးဆုအတွက် မဲပေးရာမှာ လီဝန်ဒေါစကီးကို နံပါတ် ၁ နေရာမှာထားပြီး မဲပေးခဲ့သူဖြစ်တယ်ဆိုတာပါပဲ။