အတို့အထိဆရာကြီးဘာဘာတော့ဗ်ကိုယ်တိုင် ချီးကျူးခဲ့ရတဲ့ ရက်ရှ်ဖို့ဒ်ရဲ့ပထမဂိုး

မန်ချက်စတာယူနိုက်တက်ကြယ်ပွင့်တိုက်စစ်မှူးဟောင်း ဒီမီတာဘာဘာတော့ဗ်ဟာ ရှက်ဖီးယူနိုက်တက်အသင်းနဲ့ပွဲစဉ်က မန်ချက်စတာယူနိုက်တက်အသင်းရဲ့ချေပဂိုးမတိုင်မီ မားကပ်စ်ရက်ရှ်ဖို့ဒ်ရဲ့ ဘောလုံးအထိန်းအသိမ်းကို နှစ်သက်ခဲ့ပြီး အင်စတာဂရမ်မှာ ကိုယ်တိုင် ပွဲကြေညာသူ လုပ်ပေးခဲ့ပါတယ်။

မားကပ်စ်ရက်ရှ်ဖို့ဒ်ဟာ ကြာသပတေးနေ့ညက ရှက်ဖီးယူနိုက်တက်အသင်းအိမ်ကွင်းမှာ ၃-၂ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်အတွင်း ၂ ဂိုးသွင်းယူပေးခဲ့တာဖြစ်ပြီး အကောင်းဆုံးစွမ်းဆောင်ရည်ကို ထပ်မံပြသနိုင်ခဲ့တာဖြစ်ပါတယ်။ အသက် ၂၃ နှစ်အရွယ်တိုက်စစ်မှူးဟာ ချေပဂိုးကို မသွင်းယူမီမှာ အားလုံးအံ့အားသင့်စေလောက်တဲ့ စွမ်းရည်ကို အရင်ဆုံး ပြသခဲ့တာဖြစ်ပါတယ်။

ဘာဘာတော့ဗ်ဟာ ဘောလုံးအထိန်းအသိမ်း၊ အကိုင်အတွယ် နူးညံ့တဲ့ကစားဟန်ကြောင့် လူသိများတဲ့ မန်ချက်စတာယူနိုက်တက်ကစားသမားဟောင်းဖြစ်ပြီး ၎င်းကိုယ်တိုင်က မားကပ်စ်ရက်ရှ်ဖို့ဒ်ရဲ့ သွင်းဂိုးကို “ဒိုင်း၊ ဒိုင်း၊ ဒိုင်း။ ဘောလုံးဆိုတာ ဒါပဲ။ ဘောလုံးဆိုတာ ဒါပဲ။ ကြည့်စမ်းပါဦး”လို့ အံ့သြတကြီး ပြောကြားခဲ့တာဖြစ်ပါတယ်။

ဘူဂေးရီးယားတိုက်စစ်မှူးဟာ ၂၀၀၈ ခုနှစ်နဲ့ ၂၀၁၂ ခုနှစ်ကြားမှာ ယူနိုက်တက်ကစားသမားအဖြစ်နဲ့ ပြိုင်ဘက်နောက်ခံကစားသမားတွေကို ဒုက္ခပေးခဲ့သူဖြစ်ပါတယ်။ ဘာဘာတော့ဗ်က ၎င်းရဲ့ အင်စတာဂရမ်အကောင့်ကနေ မားကပ်စ်ရက်ရှ်ဖို့ဒ် ဂိုးသွင်းယူနေတာကို တိုက်ရိုက်ကြည့်ရှုနေတာကို ဗီဒီယိုရိုက်ကူးပြီး ပွဲကြေညာသူအဖြစ် “ကောင်းလိုက်တဲ့ဘောလုံးအထိန်းအသိမ်းနဲ့ အဆုံးသတ်မှု”ဆိုတဲ့ စာသားနဲ့အတူ မှတ်ချက်ပေးခဲ့တာဖြစ်ပါတယ်။