စပါးနဲ့လက်စတာပွဲမှာ အငြင်းပွားဖွယ် ဂိုးအဖြစ်ခွင့်ပြုပေးခြင်းမရှိခဲ့ပြန်တဲ့ VAR

တနင်္ဂနွေနေ့မှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ လက်စတာစီးတီးနဲ့ တော့တင်ဟမ်ဟော့စပါးအသင်းတို့ရဲ့ပွဲစဉ်မှာ လက်စတာစီးတီးရဲ့သွင်းဂိုးကို VAR က နောက်ထပ်တစ်ကြိမ် အငြင်းပွားဖွယ် ခွင့်မပြုခဲ့ပါဘူး။

ဂျိမ်းစ်မက်ဒီဆင်ဟာ ဘောလုံးကို ဂိုးပိုက်ထဲ ကန်သွင်းယူခဲ့ပြီး ဒုတိယမြောက်ဦးဆောင်ဂိုးကို သွင်းယူနိုင်ခဲ့ပေမယ့်လည်း သိပ်မကြာမီမှာပဲ VAR က ဂိုးကို ပယ်ဖျက်လိုက်တာဖြစ်ပါတယ်။ လက်စတာစီးတီးဟာ အော်ရီရာရဲ့ ပင်နယ်တီဧရိယာအတွင်း ကြမ်းတမ်းတဲ့ဖျက်ထုတ်မှုကြောင့် ပင်နယ်တီရရှိခဲ့ပြီး ဂျေမီဗာဒီက အမှားအယွင်းမရှိကန်သွင်းယူခဲ့တဲ့အဖွင့်ဂိုးနဲ့ စပါးအသင်းကို ဦးဆောင်နေခဲ့တာဖြစ်ပါတယ်။

Sky Sports ဘောလုံးဝေဖန်သူတွေဖြစ်တဲ့ ရွိုင်ကိန်းနဲ့ ဟက်ဆဲဘိန့်ခ်တို့ဟာ ပြင်သစ်နောက်ခံကစားသမားရဲ့ ဖျက်ထုတ်မှုကြောင့် အံ့အားသင့်ခဲ့ပြီး ပထမပိုင်းအပြီး စတူဒီယိုထဲမှာ ယင်းဖြစ်ရပ်ကို ဝေဖန်ခဲ့ကြတာဖြစ်ပါတယ်။ လက်စတာစီးတီးအသင်းဟာ VAR ရဲ့ဆုံးဖြတ်ချက်မတိုင်မီအချိန်အထိ ပွဲကို လွှမ်းမိုးထားနိုင်ခဲ့တာဖြစ်ပြီး ဒုတိယမြောက် ဦးဆောင်ဂိုး သွင်းယူဖို့အတွက် ထိုက်တန်ခဲ့တာဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။

ဘရန်ဒန်ရော်ဂျာက VAR ရဲ့ဆုံးဖြတ်ချက်ဟာ ဒုတိယပိုင်းမှာ ၎င်းရဲ့အသင်းအပေါ် အကျိုးသက်ရောက်မှုမရှိဖို့ မျှော်လင့်ခဲ့မှာဖြစ်ပြီး ဒါပေမယ့်လည်း အဲဒီဆုံးဖြတ်ချက်က ပရိသတ်တွေအတွက်တော့ လုံးဝအကျိုးသက်ရောက်မှုရှိခဲ့ကြတယ်လို့ ဆိုရလောက်တဲ့အထိ လူမှုကွန်ရက်မှာ VAR ရဲ့အငြင်းပွားဖွယ်ဆုံးဖြတ်ကို ဒေါသတကြီး ဝေဖန်ခဲ့ကြတာဖြစ်ပါတယ်။

VAR က ပြသခဲ့တဲ့ပုံထဲမှာ ဂျိမ်းစ်မက်ဒီဆင်ဟာ စပါးနောက်ခံကစားသမားနဲ့ တစ်တန်းတည်းရပ်နေခဲ့တာဖြစ်ပြီး လက်အနေအထားကြောင့် မီလီမီတာအနည်းငယ်ထွက်နေခဲ့တာကို VAR က ဂိုးအဖြစ် ခွင့်ပြုဖို့ ငြင်းပယ်ခဲ့တာဖြစ်ပါတယ်။