အာဆင်နယ်တန်းဆင်းသွားမှာ ကြောက်နေပြီလို့ ဝန်ခံခဲ့တဲ့ အာတီတာ

အာဆင်နယ်နည်းပြအာတီတာဟာ ဆိုးရွားလွန်းတဲ့ ယခုရာသီအစကို မြင်တွေ့ခဲ့ရပြီးနောက် ရာသီကုန်မှာ တန်းဆင်းရမှာကို ကြောက်ရွံ့မိတယ်လို့ ဝန်ခံပြောကြားခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ ယခုအပတ်မှာ အဲဗာတန်အသင်းကို ထပ်မံရှုံးနိမ့်ခဲ့ပြီး ၁၄ ပွဲကစားပြီးချိန်မှာ နိုင်ပွဲ ၄ ပွဲနဲ့ တန်းဆင်းဇုန်ရဲ့အထက် ၄ မှတ်အကွာမှာ ရပ်တည်နေရတာဖြစ်ပါတယ်။ ၁၉၇၄-၁၉၇၅ ရာသီနောက်ပိုင်း အာဆင်နယ်ဟာ အဆိုးရွားဆုံးရာသီအစကို ရင်ဆိုင်နေရတာဖြစ်ပြီး နည်းပြအာတီတာကို အူနိုင်းအမ်မရီနေရာမှာ ခန့်အပ်ပြီး ၁ နှစ်အကြာမှာ သမိုင်းတစ်ပတ်လည်လာနေတာဖြစ်ပါတယ်။

တန်းဆင်းရမှာကို ကြောက်ရွံ့နေတယ်ဆိုတာ တကယ်လားလို့ မေးမြန်းခဲ့တဲ့အခါမှာ အာတီတာက “ဟုတ်ပြီ။ ခင်ဗျား ဒီလိုအခြေအနေမျိုးမှာရှိနေပြီး ကျွန်တော်တို့ အခုရထားတဲ့ ရမှတ်မျိုး ခင်ဗျားရထားတဲ့အချိန်မှာ ခင်ဗျား သေချာဂရုစိုက်ရမှာပဲ။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ ဒီလိုအဆင့်မျိုးမှာ ဒီလောက်အချိန်အများကြီးရှိမနေခဲ့ဖူးလို့ပါ”

“မနှစ်က ကျွန်တော် ရောက်လာခဲ့တဲ့အချိန်တုန်းက ခုလိုမျိုးအနေအထားမှာ ရှိနေခဲ့ပြီး အားလုံးကလည်း ခုပြောနေကြတဲ့အတိုင်းပဲ ပြောနေကြတာပါ။ အဲဒါက သာမန်ပါပဲ။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ အမှတ်တွေ စယူနိုင်တဲ့အခါကျရင် သူတို့တွေ အဲဒီအကြောင်းကို မေ့သွားပြီး အမှတ်ပေးဇယားကို ပိုပြီး ကြည့်လာကြမှာမို့လို့ပါ”

“ခင်ဗျား အမှတ်ပေးဇယားကို ကြည့်လိုက်တဲ့အချိန်မှာ အဲဒါက သာမန်လုပ်ရမယ့်အရာဖြစ်ပြီး တော်တော်လေးလျင်လျင်မြန်မြန်နဲ့ အဆုံးသတ်ရမှာပါ”လို့ ပြောကြားခဲ့ပါတယ်။